အပိုင်း (၁၃)

1.4K 75 16
                                    


ဒီနေ့ VC ကုန်တိုက်အသစ် ဖွင့်ပွဲရှိတဲ့အပြင် ဖျော်ဖြေပွဲလည်း ရှိတာမို့ P'Dim က ကလေးလိုက်ချင်ရင် လိုက်ခဲ့ဆိုတာကြောင့် Greeen မှာ ယောင်လည်လည်နဲ့ ပါလာ၏ တစ်ခြါး ကိစ္စတွေ စိတ်မဝင်စားပေမယ့် ကိုယ့်ချစ်သူ အလုပ်လုပ်ပုံကို မြင်ရတာကို ဆုလာဘ် တစ်ခုလို တွေးမြင်တတ်တဲ့ Green အတွက်တော့ တကယ့်ကို ပျော်ရွှင်နေမိသည်။P'Dim ဟာ VC လုပ်ငန်းစုမှာ အရေးပါအရာရောက်တဲ့ သူဘဲလေ။ ဘယ်လောက်ဘဲ ပင်ပန်းပင်ပန်း တစ်ချက်မှ မညီးညူ၊ သူ့ကိုလည်း လိုလေသေးမရှိအောင် ထားတဲ့အပြင် ထမင်းဟင်းတောင် မချက်ခိုင်းဘဲ အလှထိုင်ကြည့်နေတတ်တဲ့သူပါ။P'Dim လည်း သူ ထိုင်ခိုင်းထားတဲ့နေရာလေးမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး သူအလုပ်လုပ်သမျှကို လှမ်းကြည့်နေတဲ့ ကလေးငယ်ကို ပြုံးပြမိတော့ နှာခေါင်းလေး ရှုံပြသည်။ပျင်းနေပြီဆိုတဲ့ သဘော၊ သူလည်း ခဏနော်ဆိုပြီး မုန့်တွေသွားယူကာ ချပေးထားလိုက်သည်။

"စားထားနှင့်နော် ကလေးလေး ကိုယ်အလုပ်လုပ်လိုက်အုံးမယ်..."

"သွား သွား အေးဆေးလုပ်...ဒီမှာဘဲ ရှိနေမှာ..."

Dim လည်း ကလေးငယ်ရဲ့ ခေါင်းလေးကို တစ်ချက်ပုတ်ပြီး ထိုနေရာမှ ထွက်လာကာ စီစဥ်စရာတွေ ဆက်လုပ်နေတော့ သည်။

ကုန်တိုက်ဖွင့်ပွဲက Bangkok မြို့ပေါ်မှာ မဟုတ်ဘဲ နယ်ဘက်နည်းနည်းရောက်တာကြောင့် Win တို့က မနက်အစောထဲက ကြိုရောက်နေကြသည်။ပေးထားတဲ့ နားနေခန်းမှာ နားနေရင်း အစီအစဥ်တွေ ပြန်ကြည့်နေမိသည်။

"Love နောက်ဆုံး အစီအစဥ်ကို သိရပြီလား..."

"P'Gun Smileဆီက ကြားတာတို့ သူတို့သခင်လေးက ထည့်ထားတာတဲ့ တစ်ခုခု လုပ်ဖို့ ရှိတယ် ထင်တယ်တဲ့..."

"ဟင်.. သူတို့သခင်လေးက..."

"ဟုတ်တယ်လေ meeting မှာတုန်းက ​ပြောသေးတာရော အာရုံစိုက်ဖို့ မလိုတဲ့ အကြောင်းကို..."

"အာ...ဟုတ်သား.."

"Win metawin ရှိပါသလားခင်ဗျာ..." love နဲ့စကားပြောနေတုန်း တစ်စုံတစ်ယောက်က ဝင်လာကာ ပြောလာတာကြောင့်...

"ဘာဖြစ်လို့လဲ မသိဘူးခင်ဗျ..."

"သခင်လေးက ခဏခေါ်ခိုင်းလိုက်လို့ပါ... ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါခင်ဗျ..."

Yours (Completed)Donde viven las historias. Descúbrelo ahora