အပိုင်း(၂၁)

1.3K 58 3
                                    

"မောင်!!!.... ကားသေချာမောင်းနော်..."

"အင်းပါ.. တစ်ခုခုဆိုတာနဲ့ မောင့်ကို ဖုန်းဆက်နော်.."

"ဟုတ်.." ပြောပြီးတာနဲ့ ကားပေါ်ကဆင်းဖို့ပြင်နေတဲ့ ကောင်လေး..။

"အချစ်... ခဏ.."

"ဟင်..ဘာကြီးလဲ..."

"အရှေ့နား နည်းနည်းတိုး.." သူပြောတော့ မရဲတရဲနဲ့ ခေါင်းလေး တိုးလာ၏

"ပြွတ်စ်..."

"အာ....မောင့်!..."

"အဟင်း..သွားတော့..အချစ် တစ်နေကုန် အလုပ်လုပ်ရတာ အဆင်ပြေအောင်လို့ ဆုတောင်းပေးတာ.."

"နဖူးကို နမ်းတာ ဆုတောင်းပေးတာပေါ့လေ..."

"ဒါပေါ့.."

"လိပ်ကြီး!...သွားတော့မယ်...ဟွန့်..."

မျက်​စောင်းထိုး နှုတ်ခမ်းစူကာ ရှက်ပြီး ကားပေါ်က မပြေးရုံတမယ် ဆင်းသွားလို့ ချော်လဲမှာစိုးတာကြောင့် သူ့မှာ လိုက်ကြည့်ရသေး၏။ဒီနေ့က Pon ကို အလုပ်ကိစ္စတစ်ခု ခိုင်းထား၍ ကိုယ်တိုင် ကားမောင်းလာပြီး ကောင်လေးရိုက်ကွင်းကို လိုက်ပို့ခြင်း ဖြစ်သည်။အရင်နေ့က မစစ်ဖြစ်တဲ့ လက်နက်စက်ရုံဘက်ကို သွားစစ်ရမှာဖြစ်သည်။Love ကလည်း ပန်းဆိုင် ကိစ္စ လုပ်နေ၍ နည်းနည်းနောက်ကျမယ်လို့ ပြောတာကြောင့် အချစ်ကို အဖော်ပြုပြီး နေပေးချင်ပေမယ့် အချစ်က အလုပ်သွားလုပ်ဆိုတာကြောင့် ရိုက်ကွင်းမှာ တစ်ယောက်ထဲ ထားခဲ့ရတာ..။ Luke က တစ်ခါတစ်ရံ လာပေမယ့် သူ Luke ကို စိတ်မပူ။ ကိုယ်က ကောင်လေးရဲ့ စိတ်အာရုံအကုန်လုံးကို သိမ်းပိုက်ထားနိုင်တယ်လေ..။ ရိုက်ကွင်းနေရာကို တစ်ချက် စစ်ကြည့်ပြီး စောင့်ကြည့်ခိုင်းထားတဲ့ သူ့လူတွေကို မှာထားခဲ့လိုက်သည်။

Win လည်း ရိုက်ကွင်းရောက်ရောက်ချင်း ကြည့်လိုက်တော့ လူတောင် သိပ်မစုံသေး။အဲ့ဒါကြောင့် နားတဲ့ ထိုင်ခုံမှာ ထိုင်နေရင်း ပုံရိုက်ကာ ig story တင်လိုက်သည်။ IG ထဲဝင်ကြည့်နေရင်းက fol back ပြန်မလုပ်ရသေးတဲ့ မောင့် IG ကို ပြန် folရင်း ပုံတွေကို တစ်ပုံချင်း ထိုင်ကြည့်နေမိသည်။
သူ့မှာ အခုထိ မောင်နဲ့ ချစ်သူတွေဆိုတာကို မယုံနိုင်သေး။အရင်က ကြည့်မရသလို ဖြစ်ခဲ့ကြပေမယ့် အခုကျ အရမ်းချစ်ကြတဲ့ ချစ်သူတွေ..။အတွေးများတတ်တဲ့ သူ့စိတ်တွေ၊ တွေဝေတတ်တဲ့ စိတ်တွေက မောင့် စကားတစ်ခွန်းနဲ့ တင် ဆုံးဖြတ်ချက် ချခဲ့တာတွေ..။မောင်ကတော့ အနာဂတ်ကို ဘယ်လိုတွေးထားလည်း မသိပေမယ့် Win ရဲ့ စိတ်ထဲမှာတော့ မောင်နဲ့အတူ အနာဂတ်ကို ပုံဖော်ကြည့်ပြီးနေပြီဖြစ်သည်။မောင်နဲ့ အတူတဲ့....ဘယ်လောက်တောင် ရိုးရှင်းလိုက်လဲ!...ဒီလူသားက လောဘမကြီးပေမယ့် မောင့်ကိုတော့ တပ်မက်၏..။မောင်နဲ့အတူ ခရီးတွေသွားချင်တယ်.. မောင်နဲ့အတူ ခွေးလေးတွေ ကြောင်လေးတွေကို မွေးပြီး ပြုစုပျိုးထောင်မယ်..မောင်နဲ့အတူတူ ကားပြိုင်မောင်းမယ်.. မောင့်ကို အနိုင်ကျင့်ပြီး ဟင်းချက်ကျွေးခိုင်းမယ်... မောင်နဲ့အတူ နေဝင်ချိန်တွေ နေထွက်ချိန်တွေကို အတူတူ ကြည့်ချင်တယ်..မောင့်လက်ကို တွဲထားပြီး အရာအားလုံးကို ရင်ဆိုင်ချင်တယ်..ဒါတွေက မောင့်ကို ချစ်တာ သေချာပါတယ်ဆိုမှ ဖြစ်လာတဲ့ ခံစားချက်တွေ.....သူဘာမှ မလိုချင်ပါဘူး... Brightvc ဆိုတဲ့သူကိုတော့ အပိုင်လိုချင်တယ်.. သူ့အတွေးတွေက ရိုးရိုးရှင်းရှင်းပါဘဲ... မောင့်ကိုတော့ အပိုင်လိုချင်မိရုံ...ရမယ်မှတ်လား...မောင်!..။

Yours (Completed)Onde histórias criam vida. Descubra agora