Pon နဲ့ ပြောပြီးပြီးချင်း ကလေးငယ်နောက်ကို ပြေးလိုက်ခဲ့ပေမယ့် မမှီတော့...။ဖုန်းဆက်တော့လည်း ဖုန်းကိုမကိုင်တော့ဘဲ ချချပစ်၏။တော်တော်စိတ်ဆိုးသွားတယ် ထင်၏။ ဆက်တိုက်ခေါ်ပါများတော့ စက်ပါ ပိတ်ချသွားတော့၏။ သူလည်း သက်ပြင်းတွေ ချရင်း Love ဆီ ဖုန်းခေါ်ကာ ကောင်လေး အနားမှာ ရှိလားမေးမိတော့ photo shooting ကို သွားနှင့်မယ်လို့ လှမ်းပြောတယ်လို့ သိရ၏။အလုပ်နေရာဆိုတော့ စိတ်ဆိုးနေတဲ့အချိန်မှာ မလိုက်သွားတာကောင်းတယ်ဟု တွေးကာ သူ့လူတွေကိုဘဲ စောင့်ကြည့်ပေးဖို့ လှမ်းပြောထားလိုက်ရသည်။အလုပ်လုပ်ရတာလည်း စိတ်ဖြောင့်တော့မှာ မဟုတ်တာကြောင့် စက်ပိတ်ထားတဲ ဖုန်းလေးဆီကိုဘဲ စာတွေ ထိုင်ပို့နေလိုက်သည်။ဘယ်လိုပြန်ချော့ရမလဲ စဥ်းစားလို့ မရသေး...။
"ကျစ်...ကောင်းကောင်းပြောလို့ရရဲ့လားနဲ့ Brightvc ရာ..."
ကောင်လေးက ဒီလောက် သူ့အပေါ်ကို တွေးပေးတာကိုများ..အမှန်ဆို ကောင်းကောင်းမွန်မွန်နဲ့ နားဝင်အောင် ပြောလို့ရနေတာဘဲကို...။ကောင်လေးရဲ့ မျက်ရည်တွေနဲ့မျက်နှာကို ပြန်မြင်ယောင်မိတော့ ကိုယ့်ကိုကိုယ်ဒေါသထွက်ကာ နံရံကို လက်သီးနဲ အကြိမ်ကြိမ်ထိုးမိတဲ့အထိ။လက်တွေ စုတ်ပြတ်သတ်ပြီး သွေးတွေအလိမ်းလိမ်းဖြစ်လာတာတောင် မရပ်တန့်မိ။
"သ...သခင်လေး...စိတ်ထိန်းပါအုံး..."
Ponနဲ့ Dim က ရောက်လာကာ သူ့ကို လာပြေးဆွဲကာချုပ် ထားတော့သည်။သူလည်း အဲ့တော့မှ မျက်နှာကို လက်ဖြင့်အုပ်ကာ ငိုချမိတော့၏။
"ငါ့...ငါ့ကို မုန်းသွားလောက်ပြီ..."
"မမုန်းလောက်ပါဘူး သခင်လေးရယ်...သွေးပူတုန်းမို့ပါ..."
"ဖုန်းပါ စက်ပိတ်ထားတယ်...ငိုနေသေးလား မသိဘူး..."
"မေးကြည့်ပေးမယ်...ကိုယ့်ကိုကိုယ် နာကျင်အောင် မလုပ်ပါနဲ့တော့...ဖြေရှင်းလို့ရမှာပါ..."
"ဟုတ်ပါတယ် သခင်လေးရယ်...Win လည်း သွေးပူနေတုန်းမို့လို့ ဖြစ်မှာပါ..သူ ဘယ်လောက် စိတ်ထားနူးညံ့လည်း သခင်လေး အသိဆုံးဘဲကို..."
"ကလေးကို...ငါ..ငါက..."
ပြောရင်း အသံတွေ တိမ်ဝင်သွားပြန်၏။နှစ်ယောက်လုံးက စေတနာနဲ့ လုပ်ခဲ့ပြောခဲ့ကြတာချည်းဘဲလေ...တမင်နာကျင်အောင် ရည်ရွယ်ခဲ့ကြတာမှာ မဟုတ်တာ...။ဒဏ်ရာရနေတဲ့ လက်ကို ဆေးမထည့်သေးဘဲ love ဆီကို ဖုန်းထပ်ခေါ်ပြန်၏။
BẠN ĐANG ĐỌC
Yours (Completed)
FanfictionBright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ်ချက်တွေ အများကြီးပါဘဲ အများကြီး ကြိုးစားရေးမှာမို့ အမှားတွေပါလည်း သည်းခံပေးကြပါလို့ Cover art - Pa...