"မောင်နဲ့ Date မလား အချစ်.."အဲ့လိုမေးလို့ ငိုနေတဲ့သူကို မချော့ဘဲ Date ချင်နေတယ်လို့ မတွေးလိုက်ပါနဲ့ ။မောင့်ချစ်ရသူလေးကို စိတ်ပျော်စေချင်ရုံပါ။Date ပြီးတော့ နေရာအနှံလိုက်ပို့ပေးမယ် လွတ်လွပ်လပ်လပ်ပျော်ရွှင်ရီမောစေမယ် အပြုံးတွေ ဖြစ်ပေါ်လာအောင် ဖန်တီးပေးမယ် အဲ့အပြုံးတွေကို မြတ်မြတ်နိုးနိုး ငေးမယ် ဒီလောက်ပါဘဲ... သိပ်လောဘမကြီးပါဘူး မျက်နှာလေးကို ငေးကြည့်ချင်နေရုံ လက်ကလေးကို ခိုးကိုင်ရုံကလွဲလို့ပေါ့...။
ထင်တဲ့အတိုင်းပါဘဲ သူDate မလား မေးတော့ အချစ်က နားမလည်တဲ့ မျက်ဝန်းလေးတွေနဲ့ မော့ကြည့်ရှာတယ်။ ကိုယ်ရဲ့ ပျော်အောင်လုပ်ပေးချင်တဲ့စိတ်က မျက်နှာမှာ အထင်းသားပေါ်နေပြီး ပြင်းပြနေတော့ အချစ်က ငြင်းတောင်မငြင်းနိုင်ရှာပါဘူး...ချက်ချင်းကို ခေါင်းညိတ်ကာ လိုက်ပါလာတော့တယ်..။"ဘယ်ကိုသွားချင်လဲ အချစ်..."
"ကစားကွင်းသွားချင်တယ် ကစားကွင်းလိုက်ပို့.."
"မင်းသားလေး သဘောအတိုင်းပါဘဲဗျာ.."
Brightvc လည်း ကျန်တဲ့သူတွေအကုန်ပြန်လွှတ်ကာ နှစ်ယောက်ထဲ သွားဖို့ ပြင်ဆင်လိုက်သည်။ ငိုထားတဲ့ ကလေးကို ရေတိုက်ရသေး၏ သူကိုယ်တိုင်လည်း mask တပ်သလို ကားထဲမှာဆောင်ထားတဲ့ လက်ရှည်ဂျာကင်အမဲရောင်နဲ့ mask အမဲရောင်ပါ ဝတ်ဆင်ပေးလိုက်သည်။အချစ်က ဦးထုပ်ဆောင်းထားလို့ တော်သေး၏ သူ့အသိုင်းအဝိုင်းက သိထားတယ်ဆိုပေမယ့် အချစ်ဘက်ကိုလည်း စဥ်းစားပေးရသေး၏ အထူးသဖြင့် Fanလေးတွေ။အချိန်တန်ရင် အသိပေးမယ်ဆိုပေမယ့် အခုလိုအချိန်မှာ သိုသိုသိပ်သိပ်နေတာ အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်သည်။
အချစ်ရဲ့ ချစ်စရာကောင်းတဲ့ အချက်က သူလုပ်ပေးသမျှကို ငြိမ်ငြိမ်လေး ခံယူရှာသည်။ကားတံခါးဖွင့်ပေးတာက အစ ရေဘူးအဖုံးဖွင့်ပေးတာ အဆုံး ဘာမှမပြောဘဲ သူလုပ်ပေးသလိုလေးဘဲ နေရှာ၏ လိမ္မာတဲ့ ယုန်ပေါက်လေးလို..။ကားလေးထဲမှာ drouble take သီချင်းသံက ခပ်တိုးတိုး ပျံ့လွင့်လျက်...။ကစားကွင်းရောက်တော့ အချစ်ရဲ့ တကိုယ်လုံးကို လှည့်ပတ် ကြည့်ရှူရသေး၏ Win metawin လို့ လူသိခံလို့မဖြစ်ဘူးမှတ်လား။ ဘယ်ချိန်က နားကို စိန်ပွင့်လေး ကောက်တပ်လိုက်လည်း မသိ။
ВИ ЧИТАЄТЕ
Yours (Completed)
ФанфікиBright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ်ချက်တွေ အများကြီးပါဘဲ အများကြီး ကြိုးစားရေးမှာမို့ အမှားတွေပါလည်း သည်းခံပေးကြပါလို့ Cover art - Pa...