နီကျင့်ကျင့် လမ်းမီးတိုင်တွေ ထွန်းလင်းလျက်ရှိသော နက်စွေးစွေး လမ်းမကြီးက တိတ်ဆိတ်ငြိမ်သက်လျက်ရှိသော ရပ်ကွက်မှာမို့ ကားအသွားအလာတွေ ရှင်းနေ၏။ အနက်ရောင်ကားကို ခပ်လျောလျောမှီရင်း သူက ဆေးလိပ်ဖွာကာ မီးလင်းလျက်ရှိတဲ့ condo တိုက်ခန်းရှိရာသို့ မကြာခဏဆိုသလို လှမ်းလှမ်းကြည့်နေသည်။ဆေးလိပ်အတိုအစတွေကလည်း သူ့ခြေရင်းအောက် ပြန့်ကျဲနေသည်။5ရက်... 5ရက်တောင် ရှိနေပြီ။သူ စက်ရုံကနေပြန်လာထဲက အရေးကြီးအလုပ် ကိစ္စတွေကလွဲလို့ အချိန်မအား အားအောင်လုပ်ပြီး ကောင်လေး နောက် လိုက်ခဲ့တာ။တကယ့်တကယ် မျက်နှာချင်းဆိုင်တွေ့ရင်တောင် သူ့ဘက်က အကြည့်တစ်ချက်ကနေ မပိုသလို ကိုယ့်ဘက်ကလည်း ပြောစရာ စကားလုံးရှာမတွေ့ခဲ့။ ကောင်လေးက ညဘက်တွေ အပြင်မထွက်ဘူးထင်သည်။ သူလာလာကြည့်တဲ့နေထဲက ညဘက်ကို အပြင်ကိုထွက်လာတာမတွေ့။တွေ့ရင်လည်း ဘယ်လိုပုံစံနဲ့ စကားစပြောရမလဲကို သူစဥ်းစားလို့ကို မရ။မှန်ကြည့်ပြီး လေ့ကျင့်ကြည့်တော့လည်း ကောင်လေးမျက်နှာ မြင်လိုက်ရင် သူ့မှာပြောစရာစကားလုံး ရှာမတွေ့။မချေမငံပြောခဲ့မိတာကို အားနာနေခြင်းဘဲလား...ဘာကိုမဝံ့မရဲဖြစ်နေမှန်း သူကိုယ်တိုင်တောင် မသိချေ။နောက်ဆုံး စိတ်ထွက်ပေါက်အဖြစ် ကောင်လေးအခန်းကို လာကြည့်ပြီး မသောက်တာကြာပြီဖြစ်တဲ့ ဆေးလိပ်တွေ ပြန်ရှိုက်ဖွာနေမိသည်။
"ညဥ့်နက်နေပြီ... ပြန်ကြရအောင်ပါ သခင်လေး.."
မလှမ်းမကန်းမှာ စောင့်နေတဲ့ Phi Gun Smile က ပြန်ဖို့ သတင်းလာပို့သည်။ရော့တိရော့ရဲမှီထားတာကို ပြန်ပြင်ရင်း လက်ကနာရီကို ကြည့်မိတော့ 11:45။
"ဆေးလိပ်တွေ ထပ်မသောက်ပါနဲ့တော့ သခင်လေး ဖြစ်ချင်တာကိုပြောပါ ကျွန်တော် ကြိုးစားပေးပါ့မယ်..."
"ဒီတစ်နေ့ဘဲ Phi Gun Smile..."
"မနက်ဖြန် medical check up ပြန်လုပ်ရပါမယ် သခင်လေး..."
အကြည့်စူးစူးဖြင့် တချက်ကြည့်ကာ လက်ထဲက ဆေးလိပ်ကို ပစ်ချ၍ ဖိနပ်ဖြင့် ဖိချေကာ ငြိမ်းသတ်လိုက်သည်။ကျန်းမာရေးနှင့် ပတ်သက်ပြီး Ponတို့ Gun Smileတို့က အလျော့မပေးချေ။ငယ်စဥ်တုန်းက သူ့ကိုမချစ်ခဲ့တဲ့ မိဘတွေကို ရွဲ့ကာ ဆိုးချင်တိုင်း ဆိုးခဲ့တဲ့ ဒဏ်တွေက သူ့ကို မသေယုံတမယ်လမ်းသို့ တွန်းပို့ခဲ့သည်။ပျက်ဆီးသွားတဲ့အဆုတ်ကို အစားထိုးကုသရင်း အသက်လုထားရတာဖြစ်သည်။အဲ့နောက်ပိုင်း သူ ဆေးလိပ်ကို ထိကိုမထိတော့တာဖြစ်သည်။အနောက်ရောင်ကားကြီး ပြန်ထွက်သွားတော့ အခန်းထဲက ကောင်ငယ်လေးကလည်း လိုက်ကာအကွယ်ကနေ ကြည့်နေရာမှ ထွက်ကာ မီးတွေပိတ်ပြီး အိပ်စက်ခြင်းဆီသို့။
YOU ARE READING
Yours (Completed)
FanfictionBright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ်ချက်တွေ အများကြီးပါဘဲ အများကြီး ကြိုးစားရေးမှာမို့ အမှားတွေပါလည်း သည်းခံပေးကြပါလို့ Cover art - Pa...