အပိုင်း (၆)

1.7K 81 32
                                    


ta..ta..tar..tar..ta..ta..tar...tar...

ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတဲ့ ဖုန်းသံ၊ အိပ်ချင်နေတဲ့ မျက်စိကို အတင်းဖွင့်ကာ နာရီကို ကြည့်မိတော့ မနက် 5 နာရီတဲ့ ဒီအချိန်ကြီးကို ဘယ်သူက...

"Hello Pon.."

Pon အတွေးတွေ လည်ချောင်းဝမှာတင် ပျောက်ဆုံးသွားရသည်။

" Hello သခင်လေး.."

"အေး ငါ့ကို တစ်ခုလောက် မှတ်ပေးစမ်းပါ.."

" ခင်ဗျာ..ဟုတ်..ဟုတ်.."

ကမန်းကတမ်း အိပ်ယာဘေး ထားလေ့ရှိတဲ့ note book ကို လှမ်းယူရသည်။ဒီအချိန်ကြီး ဘာအရေးကြီးလို့ပါလိမ့်။

"ရပီလား... လိုက်ရေး.."

"ဟုတ် ပြောပါသခင်လေး..."

"m-e-t-a-w-i-n-1999.."

" m-e ဘာဖြစ်တယ် သခင်လေး.."

"m-e-t-a-w-i-n-1999 လို့.."

"အာ ဟုတ် ဟုတ် ရပါပြီ..."

"အေး သချာမှတ်ထားပေးအုံး ငါpwတွေ မေ့တတ်လို့.."

"ဟုတ်ကဲ့ သခင်လေး.."

"အေး ရပြီ ပြန်အိပ်တော့.."

ဟုတ်ကဲ့လို့ ပြန်ပြောရင်း ဘာအတွက် pw လဲလို့ မေးမိတော့ IG အတွက်လို့ပြောကာ ဖုန်းချသွားသည်။ အမှန်တော့ သခင်လေးက အလုပ်လည်းများသလို မေ့လည်းမေ့တတ်တာကြောင့် pw တွေကို သူကသပ်သပ်မှတ်ပေးထားရတာမျိုး ရှိသည်။သူလိုအပ်လို့ ပြန်မေးရင် စာအုပ်ပြန်လှန်ပြီး ရှာလိုက်ရုံပင်။

နေပါအုံး m-e-t-a-w-i-n-1999 ဆိုတော့ metawin ပေါ့။Pon မျက်လုံးအစုံပြူးကျယ်ကာ ပြန်မအိပ်နိုင်ဘဲ IG ကိုပြေးရသည်။သူမရှိတဲ့အချိန်အတောအတွင်း ဘာတွေဖြစ်ကုန်တာပါလိမ့်။မဟုတ်မှ IG ဖွင့်လိုက်တာလား။ထင်တဲ့အတိုင်း ရှာကြည့်လိုက်တော့ brightvc ဆိုတဲ့acc ဟာ blue mark ကြီးနဲ့။ followerတွေတောင် သန်းချီနေပြီ ဖြစ်သည်။ acc ထဲ ဝင်ကြည့်တော့ All black suit နဲ့ တစ်ပုံသာ တင်ထားသည်။သူဘက်က follow ထားတာလည်းတစ်ယောက် တည်း။ Win metawin တဲ့ ။

"အမလေး ဘုရား..ဘုရား..သခင်လေး ဘာလုပ်ဖို့ ကြံနေတာပါလိမ့်..."

သူလည်း ဆက်မတွေးနိုင်တော့ချေ။သခင်​လေး ဘာဘဲလုပ်လုပ် ဖြစ်သမျှအကောင်းဟုသာ တွေးကာ ပြန်အိပ်ပျော်အောင်ဘဲ ကြိုးစားလိုက်တော့သည်။

Yours (Completed)Tempat cerita menjadi hidup. Temukan sekarang