အပိုင်း (၅)

1.6K 80 16
                                    


ဒီရက်ပိုင်း winရဲ့ schedule တွေ သိပ်မများ၍ love တစ်ယောက် ခွင့်(3)ရက်လောက် ယူပြီး သူဝါသနာပါရာလေးတွေ လုပ်ကြည့်မို့ မြို့ထဲ လျှောက်ကြည့်နေမိသည်။ love က လူကသာ ဆတ်ဆတ်ကြဲလို့ ထင်ရပေမယ့် သူက အေးအေးချမ်းချမ်းလေး နေချင်တာ။ နေရာအကွက်အကွင်းလေးရှာပြီး floral shop လေး ဖွင့်ချင်မိတာ။

"အင်း... ဒီနေရာလေးဆို မဆိုးဘူး မြို့ထဲနဲ့လည်း သိပ်မဝေးဘူး သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အေးအေးချမ်းချမ်းလေးလည်း ရှိတယ်..."

*ဟာ... ဟိုဘက်မှာ coffee shop လေးလည်းရှိတာဘဲ အင်း winနဲ့ တိုင်ပင်ပြီး သူ့ကိုပါ ခေါ်လာရမယ်..*

စိတ်ထဲကတွေးရင်း coffee shop ကို စပ်စုချင်တာမို့ ကားလည်းတစ်ဖက် ကူးလာခဲ့လိုက်သည်။

At coffee shop,

" ဘာသုံးဆောင်မလဲရှင့်..."

" espresso တစ်ခွက်ပေးပါနော် "

ကော်ဖီမှာရင်း ဆိုင်အပြင်အဆင်လေးကို လိုက်ကြည့်နေမိသည်။ထိုစဥ် ထောင့်ကျကျဝိုင်းမှာ ထိုင်နေတဲ့လူတစ်ယောက်။lap top ထဲ ခေါင်းစိုက်ပြီး အလုပ်ကို အသဲအသန် စိတ်ဝင်စားနေပုံရသည်။ရှပ်အဖြူပေါ်မှာ နက်တိုင်အမဲရောင်ကို တပ်ဆင်ထားပြီး style plant အနက်ရောင်နဲ့ ဖြစ်သည်။ အချောကြီး မဟုတ်ပေမယ့် ခန့်ညားတဲ့ ရုပ်ရည်ရှိသည်။အလုပ်လုပ်နေပုံက စတိုင်ကျလွန်းတာကြောင့် loveလည်း မရည်ရွယ်ဘဲ ငေးမိသွားသည်။

Gun Smile တစ်ယောက် coffee shop မှာ ထိုင်ရင်း Mail တွေ ပြန်စစ်နေတုန်း သူ့ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားရတာကြောင့် ရှာကြည့်လိုက်တော့ လူကောင်သေးသေးနဲ့ ကောင်မလေး တစ်ယောက်။ဆွယ်တာလက်တို အစိမ်းနုရောင်လေးကို ဂျင်းစကပ်အနက်အတိုလေးနဲ့ တွဲဝတ်ထားတာပြီး တော်တော်ချစ်စရာ ကောင်းတဲ့ ကောင်မလေးဖြစ်သည်။ Gun Smile လည်း သူ့ကို လာကြည့်နေတာမို့ မျက်ခုံးတစ်ဖက် ပင့်ပြလိုက်တော့ မျက်နှာလေးရဲခနဲ ဖြစ်သွားပြီး အကြည့်လွှဲ သွားသည်။

" အဟင်း.. ချစ်စရာလေး "

love ခဗျာ ကြည့်တာ လူမိသွား၍ အရှက်သည်းကာ မျက်နှာ လွဲလိုက်ရသည်။ ပြီးနောက် လာချပေးတဲ့ ကော်ဖီကို အရသာခံကာ သောက်နေလိုက်တော့သည်။ကော်ဖီကုန်လို့ မသိမသာ လှမ်းကြည့်တော့ ထိုလူမှာ မရှိတော့။စိတ်လေး အနည်းငယ် ညစ်ညူးသွားရသည်။

Yours (Completed)Donde viven las historias. Descúbrelo ahora