Ch-1

10.7K 414 20
                                    

"ရှောင်းကျန့်!!"

"ရှောင်းကျန့်!!"

"ရှောင်းကျန့်!!"

ထိုအမည်နာမကို အော်ဟစ်ပြီး အားပေးနေတဲ့ မိန်းကလေး
တွေက သောင်းသောင်းဖြဖြ။

ပင်လယ်ကမ်းစပ်တွင် လူအများစုက ရပ်နေပြီး တစ်စုံ
တစ်ရာကို စူးစိုက်ကြည့်ကာ အားပေးနေကြသည်။

ထိုလူတွေ ကြည့်နေတာ ဘာများလဲ။အင်း...သေချာကြည့်
လိုက်ရင် ပင်လယ်ထဲတွင် ရေကူးနေကြသော ယောကျာ်း
လေးတစ်စုကို တွေ့ရပေလိမ့်မည်။

ရေကူးနေတဲ့ ယောကျာ်းပျိုလေးတွေက ဆယ်ယောက်ထက်
မနည်းရှိနေသည်။ထိုယောကျာ်းလေးတွေက ပင်လယ်အစပ်
ကနေ အလယ်ရေနက်ပိုင်းအထိ ကူးခတ်နေကြတာက ပြိုင်
ပွဲဆိုတဲ့ အရာကြောင့်။

ပင်လယ်ရေနက်ပိုင်းတွင် ဖောင်တစ်ခုရှိနေပြီး ထိုဖောင်
ပေါ်တွင်တော့ အလံနီနီလေးကို လွှင့်ထူထားသည်။

အလံနီနီလေးကို အရင်ဆုံးဖြုတ်၍ယူနိုင်တဲ့လူက ပြိုင်ပွဲ
ကို အနိုင်ရရှိပေလိမ့်မည်။ထို့ကြောင့် ယောကျာ်းပျိုလေး
တွေက သူ့ထက်ငါ အပြိုင်အဆိုင် အားကြိုးမာန်တက်ဖြင့်
ကြိုးစား ကူးခတ်ကာ အလံတည်ရှိရာ ဖောင်အနားသို့
အမြန်ကူးခတ်သွားနေကြသည်။

"ဟေးး......ရှောင်းကျန့် နိုင်ပြီ"

"အား...ငါ့ကိုကို နိုင်ပြီ"

ကာကီရောင် ဖျင်သား ဒူးအတိ ဘောင်းဘီကို ဝတ်ဆင်ထား
ပြီး အပေါ်ပိုင်းက ဗလာကျင်းနေသော လူငယ်လေးက ဖောင်
ပေါ်မှာ မတ်တပ်ရပ်နေပြီး အလံနီလေးကို ဖြုတ်ယူကာ ကမ်းစပ်က လူတွေကို ဝှေ့ယမ်းပြနေသည်။

နေရောင်အောက်မှာ ရေစိုနေတဲ့ အမဲရောင်ဆံနွယ်တွေကို ခါ
ထုတ်နေတဲ့ လူငယ်လေးကို မိန်းမပျိုလေးတွေက အချစ်ရည်ရွမ်းနေတဲ့မျက်ဝန်းတွေဖြင့် စိုက်ကြည့်နေကြ၏။ည်ိုစိုစို အသားအရည်နဲ့အတူ ဗိုက်သားရှပ်ရှပ်တွင် ကြွက်သား
အရာ ရေးတေးတေးလေးပေါ်နေတာက ထိုလူရဲ့ယောကျာ်း
ဆန်မှု အသွင်အပြင်ကို ဖော်ကျူးနေသလိုပင်။

"အနိုင်ရတဲ့အတွက် ဂုဏ်ပြုပါတယ် ရှောင်းကျန့်"

"ကျေးဇူးပါ ခင်ဗျ"

Xiao's Angel{completed}Where stories live. Discover now