Ch-8

2.2K 232 21
                                    

"တော်တော်ဒုက္ခပေးတဲ့ဝက် မကြီးသေးလို့နော်။ကြီးများ
ကြီးရင်တော့ မင်းကို ချက်စားပစ်တာကြာပြီ"

ဝက်ပေါက်လေးကို ရင်ခွင်မှာပိုက်ပြီး ကြိမ်းဝါးနေတဲ့ စီးကျမ်း
က စိုက်ခင်းဝန်းထဲမှ တရွေ့ရွေ့နဲ့ထွက်ခွာသွားပြီ။

"စီးကျမ်းနဲ့သူ့ဝက် ဒုက္ခပေးတာ အလုပ်တွေတောင် နှောင့်နှေး
ကုန်ပြီ။"

"ဟုတ်ပါ့အေ"

အလုပ်သမတွေက စိုက်ခင်းထဲမှာ ပြန်လည်နေရာယူပြီး
သူတို့အလုပ် သူတို့ဆက်လုပ်နေကြရင်း ပွစိ၊ပွစိနဲ့လည်း
တွတ်ထိုးနေကြသေးသည်။

"ဟယ်!ဝမ်လေး..ဘယ်ရောက်သွားတာတုန်း"

လင်ရှီးက စိုက်ခင်းတစ်ခွင်မျက်စိကစားကြည့်ပြီး အသံကျယ်
ကျယ်နဲ့ အော်ဟစ်၏။

"ငါတို့လည်း မသိဘူးလေ။နင်ရော၊ငါတို့ရော ဝက်နောက်
ပြေးလိုက်ကြရတာကို"

"အေးဟယ်..ပြဿနာပဲ။ရှောင်းကျန့်က ဝမ်လေးကို သေချာ
ဂရုစိုက်ပေးဖို့ ငါ့ကို အထပ်ထပ်မှာခဲ့တာ"

ခေါင်းတွေကုတ်လိုက်၊လည်တဆန့်ဆန့်နဲ့ ဟိုမျှော်ကြည့်၊ဒီ
မျှော်ကြည့်လိုက် ဖြစ်နေသော လင်ရှီး။

"ငါ..ရှောင်းကျန့်တို့အိမ်ကို သွားပြီး ဝမ်လေးကိုရှာလိုက်ဦး
မယ်"

လင်ရှီးက ပြောပြောဆိုဆိုနှင့် စကက်ကိုမပြီး စိုက်ခင်းထဲက
ထွက်ခွာသွားတော့တယ်။

~~~~~~~~~~~~~~~~~~~~~

"ဘာလို့ အဲ့လိုပုံစံနဲ့ရေချိုးတာလဲ ဝမ်လေး"

ရှောင်းကျန့် မေးလိုက်တော့ ဝမ်လေးက ဘောင်းဘီခါးစည်း
ကြိုးကို ငုံ့ကြည့်ပြီး ချည်နေရင်းမှ....

"ရွာထဲက ကလေးတွေလည်း ခုလို ပုံစံနဲ့ရေချိုးတာပဲလေ"

"သူတို့က ကလေးတွေလေ။အဲ့လိုချိုးတာ ပြဿနာမရှိဘူး"

"ရှောင်းကျန့်ပြောတော့ ဝမ်လေးကလည်း ကလေးပဲဆို"

စောက်ကျိုးနည်း။တိုင်တွေကို ပတ်နေတာပဲ။ရှောင်းကျန့်
ရှုပ်ထွေးနေတဲ့စိတ်ကို လေပူအဖြစ်ပြောင်းလို့ မှုတ်ထုတ်
လိုက်မိတယ်။

Xiao's Angel{completed}Where stories live. Discover now