Ch-4

3K 272 10
                                    

သူ့ကို ပွေ့ချီလိုက်တဲ့ လူစိမ်းကြောင့် ကောင်လေးက အတင်း
ရုန်းကန် အော်ဟစ်တော့တယ်။

"လွှတ်ပေး..လူကြီးရေ..သားကို ကယ်ပါဦး"

သူ့ရင်ဘတ်ကို လက်သီးစုတ်လေးတွေနဲ့ထုရိုက်ပြီး အော်ဟစ်
နေတဲ့ ကောင်လေးကို ကျိုးလင် သေချာ ငုံ့ကြည့်ကာ မှင်
သက်နေမိ၏။ဒီကောင်လေးရဲ့အလှက သူတွေ့ဖူးသမျှ မိန်း
ကလေးတွေထက် အဆပေါင်းများစွာ သာလွန်သည်။

"ကောင်လေး...ကောင်လေးရေ"

"လူကြီး..သားကို လာခေါ်ပါ"

လူတစ်ယောက်ရဲ့အသံကို ကြားလိုက်တာနဲ့တပြိုင်နက်
ကျိုးလင်လက်ပေါ်က ကောင်ငယ်ကလေးက အသံပြု
ပြီး အကူအညီတောင်းခံတော့သည်။

မကြာခင်အချိန်အတွင်းမှာပင် သူတို့အနားသို့ အပြေးအလွှား
လာနေတဲ့ ကောင်ကြောင့် ကျိုးလင် မျက်ခုံးတစ်ချက်ပင့်လိုက်မိတယ်။ဒီတစ်ခါလည်း ရှောင်းကျန့်ပဲလား။ဘာလို့
အလှတရားတိုင်းက ရှောင်းကျန့်တစ်ယောက်တည်းအပေါ်
မှာပဲ တိမ်းညွတ်နေကြတာလဲ။

"ကောင်လေး"

ရှောင်းကျန့် မျက်ရည်စတွေနဲ့ပေတူးနေတဲ့ ကောင်လေးကို
ကျိုးလင် လက်ထဲမှ အမြန်ဆွဲယူကာ ပွေ့ချီလိုက်တယ်။

"ဒီကောင်လေးက?"

သူ့လက်ထဲက ကောင်လေးကို စိုးရိမ်တဲ့မျက်ဝန်းတွေနဲ့ကြည့်
နေတဲ့ ရှောင်းကျန့်က သူအသံပြုလိုက်မှ မော့ကြည့်လာတယ်။

"ဒါက ကျွန်တော့်ရဲ့ဧည့်သည်ပါ"

"သြော်..အလှလေးကို ခုလိုမျိုးတစ်ယောက်တည်း လွှတ်မထားသင့်ဘူးနော်"

"ကျွန်တော်ပေါ့လျှော့မိသွားပါတယ်။နောက်တစ်ခါမဖြစ်စေ
ရပါဘူး"

"အင်းပေါ့..သေချာလေးဂရုစိုက်ထားသင့်တယ်။ခုလည်း
သောင်စပ်မှာလဲကျနေတာ တွေ့လို့ ကိုယ်က ကူညီပေးနေတာ
ပါ"

ကောင်လေးကို တပ်မက်တဲ့အရိပ်အယောင်တွေပါသည့် မျက်ဝန်းတွေနဲ့ကြည့်ကာ ပြောလာသည့် ကျိုးလင် ကို
ရှောင်းကျန့် ဆွဲထိုးပစ်ချင် စိတ်တွေတဖွားဖွား။ဒါပေမဲ့
ပြဿနာမဖြစ်ချင်တာမို့ စိတ်ကို အသာဖြေလျှော့လိုက်ကာ..

Xiao's Angel{completed}Where stories live. Discover now