"မမလေး အောက်ထပ်မှာ Doctor ဖန်းမင်ရောက်နေ
ပါတယ်"အိမ်အကူကောင်မလေးရဲ့စကားကြောင့် မေဟွား မှန်တင်ခုံ
ရှေ့မှာထိုင်ပြီး မိတ်ကပ်ပြင်နေရာမှ မျက်မှောင်ကုပ်လိုက်
မိတယ်။lip stickပန်းဆီရောင်ဖျော့ဖျော့ကို နှုတ်ခမ်းပါးထက်
အရောင်တင်ပြီးနောက်"သူက ဘာကိစ္စနဲ့လာတာလို့ပြောလဲ"
"အဲ့ဒါတော့ ဘာမှမပြောပါဘူး။သူရောက်နေကြောင်း မမလေးကို သွားပြောပေးပါဆိုလို့ ကျွန်မလာပြောတာပါ"
"အင်း..ရပြီ မင်းသွားတော့"
"ဟုတ်ကဲ့"
မေဟွား ဆံပင်ရှည်တွေကို သေချာစွာဖြီးသင်ပြီး ပုံသွင်းကာ
ပြင်ဆင်ခြင်းကို အဆုံးသတ်လိုက်တယ်။အောက်ထပ်သို့ဆင်းလာခဲ့လိုက်တော့ ဧည့်ခန်းထဲကဆိုဖာပေါ်
မှာထိုင်နေတဲ့ အကိုမင်ကို တွေ့ရသည်။"ဘာကိစ္စရှိလို့လဲ အကိုမင်"
"မင်း ဒီနေ့ကိုတကယ်မေ့နေတာတော့ မဟုတ်ဘူးမလား
မေဟွား""ဘာနေ့..."
မေဟွားပြောနေရင်းမှ အကြောင်းအရာတစ်ခုကို ရုတ်တရက်
စဥ်းစားမိသွားတာကြောင့် ပြောလက်စကို ရပ်လိုက်ပြီး..မျက်
ခုံးကိုပင့်ကာ ချောင်းတစ်ချက်ဟမ့်လိုက်မိ၏။ရှေ့က အကိုမင်ကလည်း သူမကိုမျက်မှောင်ကုပ်ပြီးသေချာ
စိုက်ကြည့်နေပြန်သည်။"အဟမ်း..ဟို ကျွန်မသိပါတယ်"
"ဒါဆိုလည်း မင်းမိဘတွေကို ဂါရဝပြုဖို့ သွားရအောင်ပြင်ဆင်တော့လေ"
"ဘာလဲ ပါးပါးတို့အုတ်ဂူဆီ အကိုမင်ကပါ လိုက်မလို့လား"
"ခါတိုင်းနှစ်တွေလည်း ကိုယ်လိုက်နေကြပဲ မဟုတ်လား။ကဲ..
သွားရအောင် ဟွားရယ်။ကိုယ်ပန်းခြင်းတွေပါ အကုန်ပြင်ဆင်
လာခဲ့ပြီးပြီ"အရမ်းကပ်တွယ်လွန်းတဲ့ အကိုမင့်ကြောင့် မေဟွား သက်ပြင်း
သာ ချလိုက်မိတယ်။"ဒါဆိုလည်း သွားတာပေါ့"
"ကောမင်"
"ဟော..ဝမ်လေးပါရောက်လာပြီ"
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။