"ဟေ့ ဒီမှာ"
"ဟုတ်ကဲ့ ဘာများဆောင်ရွက်ပေးရမလဲရှင့်"
ရိုးရိုးကျိုးကျိုးပြန်ဖြေလာတဲ့ Mr.seanရဲ့အတွင်းရေးမှူး
မလေး။မေဟွား နေကာမျက်မှန်ကို ဟန်ပါပါဆွဲချွတ်လိုက်ပြီး
လျှင်..."Mr.seanနဲ့အလုပ်ကိစ္စဆွေးနွေးစရာရှိလို့ တို့လာခဲ့တာ"
"သြော်...ဟုတ်ကဲ့ ရုံးခန်းထဲမှာ ဝင်စောင့်နေလိုက်ပါနော်။
bossက ခုလောလောဆယ် meetingခန်းထဲရောက်နေ
လို့ပါ""အိုကေ"
seanရဲ့ရုံးခန်းထဲသို့ သူမဝင်လိုက်တယ်။အခန်းအတွင်း လေထုက အေးစိမ့်စိမ့်နဲ့။လာဗင်ဒါရနံ့လေးက တစ်ခန်းလုံး
သင်းပျံ့နေသေးသည်။ဆိုဖာပေါ်မှာမထိုင်သေးဘဲ Seanရဲ့အလုပ်စားပွဲနားသို့ သူမ
တိုးကပ်သွားလိုက်တယ်။အလုပ်စားပွဲပေါ်မှာ ထောင်ထားတဲ့ ဓာတ်ပုံလေးကို မေဟွား
ကောက်ယူပြီး သဘောတကျ စိုက်ကြည့်နေမိတယ်။ဓာတ်ပုံထဲမှာ Seanက အနီရောင်suitနဲ့ခန့်ငြားနေလိုက်
တာ။သူမကို တစ်ခါမှ မစွန့်ကြဲဖူးတဲ့ အပြုံးလေးကိုလည်း
ဆင်မြန်းထားသေးသည်။ဓာတ်ပုံထဲမှာတောင် ချောမော
ပြည့်စုံနေတဲ့ အမျိုးသားကို သူမသာ ပိုင်ဆိုင်ခွင့်ရခဲ့မည်
ဆိုလျှင်.....မေဟွား ကိုယ့်အတွေးနဲ့ကိုယ် လိပ်ပြာမလုံဖြစ်လာပြီး ပါး
တွေပါ ပူထူလာတယ်။နှာခေါင်းထဲ ကျီစယ်ဝင်ရောက်လာတဲ့ ရနံ့သင်းသင်းလေး
ကြောင့် မေဟွား ကျောပင်မတ်ခနဲဖြစ်သွားရသည်။"ဘာကိုကြည့်နေတာလဲ မေဟွား"
ခပ်တိုးတိုးအသံလေးကြောင့် သူမ နောက်ကိုအထိတ်တလန့်
နဲ့လှည့်ကြည့်ပြီးနောက် ဓာတ်ပုံကိုင်ထားတဲ့လက်တွေကို
နောက်ကျောဘက်သို့ ဝှက်ပစ်လိုက်မိတယ်။
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။