Ch-32

3.3K 229 10
                                    

"ရုံးပိတ်ရက်ကို Seanက ဘယ်သွားနေပါလိမ့်"

ပိတ်ထားတဲ့ Seanရဲ့အိမ်တံခါးကို ကြည့်ပြီး မေဟွား စိတ်ပျက်လက်ပျက် ရေရွတ်မိ၏။

သူမ လေးလံတဲ့ခြေလှမ်းတွေနဲ့ထိုတိုက်အိမ်ရှေ့မှ လှည့်ထွက်ခဲ့လိုက်သည်။

ရုတ်တရက် မျက်လုံးထောင့်မှမြင်လိုက်ရတဲ့ ဘန်ဂလိုကြောင့်
သူမ ခြေလှမ်းတွေအား ရပ်တန့်ပစ်မိသည်။ဘာမှန်းတော့မသိ
ပေမဲ့ သူမရဲ့ဆဋ္ဌမအာရုံက တစ်ခုခုကို ခံစားရတာကြောင့်
ရိပေါ်ရဲ့ဘန်ဂလိုဆီသို့ သူမ ချဥ်းကပ်သွားလိုက်မိ၏။

အိမ်တံခါးကို တွန်းကြည့်လိုက်တော့ စေ့ရုံသာစေ့ထားပြီး
လော့ခ်ချမထား။သူမ ခြေသံ လုံလုံနင်းပြီး အိမ်ထဲသို့ ဝင်
လိုက်တော့ ဧည့်ခန်းထဲမှာ ရိပေါ်ကိုမတွေ့ရ။

အိမ်တံခါးပိတ်ထားတာမဟုတ်လို့ ရိပေါ် အိမ်မှာပဲ ရှိနေလိမ့်
မည်ဆိုတာ မေဟွား တတ်အပ်သိသည်။

ဒါပေမဲ့ အိမ်တစ်ခုလုံးမှာလည်း ရိပေါ်ရဲ့အရိပ်အယောင်ကို
ခုထိ မမြင်ရသေး။သူကရော ဘယ်သွားနေတာပါလိမ့်။

"အာ့!!"

ရုတ်တရက်ကြားလိုက်ရတဲ့အသံစူးစူးကြောင့် သူမကျောပင်
မတ်ခနဲ ဖြစ်သွားရသည်။အသံလာရာဘက်က အိပ်ခန်းဆီက
ပင်။သူမ သိချင်လိုစိတ်ပြင်းပြလာတာကြောင့် အိပ်ခန်းဘက်
ကို ခပ်သွက်သွက်လျှောက်သွားလိုက်ပြီး ရိပေါ်ရဲ့အခန်းရှေ့
မှာ ခြေစုံရပ်လိုက်တယ်။

သူမ စိတ်ထဲမကောင်းတဲ့ အငွေ့အသက်တွေခံစားလာရသည်။
သူမထင်သလို မဟုတ်ပါစေနဲ့လို့ ဆုတောင်းရင်း တုန်ယင်နေ
သောလက်ဖြင့် ရိပေါ်အခန်းတံခါးကို ခပ်ဖွဖွတွန်းဖွင့်ကြည့်မိ
တော့.....

"အဟင့်...မတရား မလုပ်နဲ့...အာ့"

ဘုရားရေ။မြင်လိုက်ရတဲ့ မြင်ကွင်းက မေဟွားရဲ့စိတ်တွေအား
ဟိုး..အောက်ဆုံးအထိ ဆွဲချသွားဖို့ လုံလောက်သည်။

သူမ ချောင်းကြည့်နေရင်းမှ အောက်နှုတ်ခမ်းကို မတရားဖိကိုက်ထားမိတယ်။

ရိပေါ်ရဲ့ခြေထောက်နှစ်ဖက်ကို သူ့ပုခုံးပေါ်ထမ်းတင်ပြီး မွေ့ရာပေါ် လက်ထောက်လျှက် အကြမ်းတရမ်း လှုပ်ရှား
နေတဲ့ Sean။

Xiao's Angel{completed}Where stories live. Discover now