အခန်းထဲကို တိုးဝင်လာတဲ့အလင်းရောင်နဲ့အပူရှိန်တစ်ချို့
ကြောင့် ဝမ်လေးရဲ့မျက်လုံးလေးများ အလိုလိုပွင့်လာခဲ့
သည်။တစ်ကိုယ်လုံးလည်း ကိုက်ရိုက်ထားခံရသလို နာ
ကျင် နေ၏။အနောက်ဘက်ရပ်ဝန်းက သိသိသာသာစူး
အောင့်နာကျင်နေပေမဲ့ ခန္ဓာကိုယ်က စေးကပ်မှုမရှိဘဲ
သက်တောင့်သက်သာလေး ဖြစ်နေသည်။ဝမ်လေး ခေါင်းအုံးအိပ်နေမိတာက သန်မာတဲ့ လက်မောင်း
တစ်ဖက်။ခန္ဓာကိုယ်ကို တစောင်းလေးလှည့်ပြီး ခေါင်းမော့
ကြည့်လိုက်တော့ ဝမ်လေးရဲ့ချစ်လှစွာသော အမျိုးသား၏
မျက်နှာချောချောလေးကို တွေ့ရသည်။ရှောင်းကျန့်ရဲ့နှာတံ
စင်းစင်းလေးကို သူ လက်ညိုးလေးနဲ့ခပ်ဖွဖွ ပွတ်ဆွဲနေမိ
၏။မျက်ခုံးတန်း ထူထူလေးနှစ်ဖက်ကိုလည်း ထိကိုင်ကြည့်
မိတယ်။နောက်ပြီး မျက်တောင် ရှည်ရှည်လေးတွေရော။
နှုတ်ခမ်းပါးရဲရဲလေးကို လက်မလေးနဲ့မသိမသာ ထိကိုင်
ပြီးနောက် သူသဘောအကျရဆုံး အစိတ်အပိုင်းတစ်ခုဖြစ်
တဲ့ နှုတ်ခမ်းအောက်က မှဲ့နက်လေးကို သူ့နှုတ်ခမ်းနဲ့ဖွဖွလေး
ထိကပ်ကာ အနမ်းပေးလိုက်တယ်။ရှောင်းကျန့်ရဲ့ချောမောမှုတွေကို ကြည့်မိတာနဲ့ နာကျင်မှုတွေတောင် လျော့ပါးသွားသလို ခံစားရတယ်။အဲ့လောက်ထိကို
ဝမ်လေး အမျိုးသားက အစွမ်းထက်ပါသည်။မကျဥ်း၊မကျယ်ရင်အုပ်လေးက ကြွက်သားတွေကြောင့်
ခပ်မာမာလေး။နောက်ပြီး ဝမ်လေးယောကျာ်းရဲ့ချက်
အောက်နားမှာ အမွှေးနက်နက် တန်းလေးရှိနေပါသေး
သည်။ဗိုက်သားက ရှပ်ရှပ်လေးဆိုပေမဲ့ ကြွက်သားအမြှောင်
လေးတွေတော့ ရှိပါ၏။ဝမ်လေးနဲ့ယှဥ်လျှင် ရှောင်းကျန့်
အသားရည်က နည်းနည်းညိုတဲ့ဘက်ပါသည်။ဒါပေမဲ့ ဒီလို
ညိုတာလေးကိုက ဆွဲဆောင်မှုတစ်ခု။ယောကျာ်းရဲ့ချောမောမှုတွေကို စာဖွဲ့ပြီးနောက် ဝမ်လေး
ရှောင်းကျန့်ရဲ့ရင်အုပ် တစ်နေရာကို နှုတ်ခမ်းလေးနဲ့ထိကပ်
နမ်းရှိုက်လိုက်တယ်။"ကိုယ့်ကို နမ်းရတာ အဲ့လောက်တောင် ကြိုက်တာလား"
"ဟင်..ရှောင်းကျန့်"
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။