"လည်ပင်းနဲ့လက်တွေ အရမ်းယားတယ် ရှောင်းကျန့်"
ရှောင်းကျန့် ကြည့်လိုက်တော့ ဝမ်လေးရဲ့လည်ပင်းတစ်ဝိုက်
နဲ့ လက်မောင်းတစ်လျှောက်မှာ အနီစက်လေးတွေ။"ဟုတ်ပါ့ကွာ..အကိုလုံ ပေးခဲ့တဲ့ creamနဲ့မတည့်တာ
လား မသိဘူး"ရှောင်းကျန့် ဝမ်လေးရဲ့ခန္ဓာကိုယ်က အဖုအပိန့်တွေကို ကြည့်
ပြီး ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်ရသည်။လေနဲ့ပဲ မှုတ်ပေးနေရမလား၊ဘယ်လို ဆေးမျိုးပဲ လိမ်းပေးရမလဲ ဆိုတာ
တကယ်စဥ်းစားရခက်နေတယ်။"ဒီဆွဲကြိုး ခဏချွတ်ထားမလား"
"ချွတ်လို့ရလား။ချွတ်လို့ရရင် ချွတ်ထားချင်တယ်။ကုတ်ရတာမလွယ်လို့"
ဆွဲကြိုးအောက်မှာလည်း အနီစက်တွေက အများအပြား။
ရှောင်းကျန့် ဝမ်လေးရဲ့လည်ပင်းမှဆွဲကြိုးလေးကို အသာချွတ်ယူလိုက်ပြီး ခေါင်းအုံးအောက်ကို ထိုးထည့်ထားလိုက်တယ်။"အရမ်း မကုတ်နဲ့ဝမ်လေး။တော်ကြာ အနာတွေဖြစ်
လာလိမ့်မယ်""အဟင့်..ယားတယ်"
ဝမ်လေးက ငိုမဲ့မဲ့မျက်နှာလေးနဲ့လည်ပင်းတစ်ဝိုက်ကို လက်နဲ့
ကုတ်ဖဲ့နေတော့တယ်။"ဟိုတစ်ခါ ရေကန်မှာ ရေသွားချိုးကြမလား"
အဖုတွေဘက်ကို စိတ်မရောက်အောင် စကားလမ်းကြောင်း
လွှဲပြောလိုက်တော့ လက်မောင်းတွေကို ကုတ်နေတဲ့ ဝမ်လေး
က ရှောင်းကျန့်ကို မျက်လွှာလေးပင့်ကြည့်ပြီး.."ရှောင်းကျန့် လိုက်ပို့မှာလား"
"ဒါပေါ့..ကိုယ်လည်း ဝမ်လေးနဲ့အတူတူ ရေချိုးမှာ"
ရှောင်းကျန့် ဝမ်လေးလက်ကိုဆွဲပြီးတော့ တောအုပ်ထဲက
ရေကန်လေးဆီသို့ ထွက်ခဲ့လိုက်တယ်။"ရှောင်းကျန့် ဘာဖြစ်လို့ အကျ..တွေချွတ်နေတာလဲ"
ရေကန်စပ်မှာ အကျ..တွေရော ဘောင်းဘီတွေပါ ချွတ်ချနေ
တဲ့ ရှောင်းကျန့်က ဝမ်လေးစကားကိုကြားတော့ လှည့်ကြည့်
လာပြီး..."အဝတ်အစား အပိုပါမလာဘူးလေ။အဲ့ဒါကြောင့် အကုန်ချွတ်ပြီးမှ ချိုးလို့ရမှာပေါ့"
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။