Ch-2

4K 306 8
                                    

"လူလေး ဒီဆေးရည်ကို ဟိုလူငယ်လေးကို တိုက်လိုက်"

နတ်ဆေးဆရာမကြီး ကမ်းပေးလာတဲ့ ဝါးဆစ်ခွက်လေးကို
ရှောင်းကျန့် လက်နှစ်ဖက်နဲ့ တရိုတသေ လက်ခံယူလိုက်
သည်။

သောင်ပြင်တွင် မီးပုံများ ဖိုထားလျှက်ရှိပြီး အဖြူရောင်
ပိတ်စတွေနဲ့ ပြုလုပ်ထားသော ရွက်ဖျင်တဲလေးလည်း ရှိ
သည်။

နတ်ဆေးဆရာမကြီးက အဖြူရောင်ရိုးရာဝတ်စုံကို ဝတ်ဆင်
ထားပြီး ကောင်းကင်ကိုကြည့်ကာ နှုတ်ဖျားကလည်း တစ်စုံ
တစ်ရာကို အဆက်မပြတ် ရွတ်ဖတ်နေသည်။

ရှောင်းကျန့်က နတ်ဆေးဆရာမကြီး မန်းမှုတ်ပြီးပေးလိုက်တဲ့
ဆေးရည်ခွက်ကို ယူကာ အဖြူရောင် တဲလေးထဲသို့ ဝင်သွားတယ်။

အဖြူရောင်တဲလေးထဲက ဝါးနဲ့ပြုလုပ်ထားတဲ့ ကွပ်ပျစ်လို
အရာပေါ်မှာတော့ တရုတ်ရိုးရာဝတ်စုံ အဖြူကို ဆင်မြန်း
ထားတဲ့ နတ်သားတမျှ ချောမောလှသောကောင်ငယ်လေးက
မျက်လုံးများကို မှေးမှိတ်လျှက် အေးချမ်းစွာလှဲလျောင်းနေတယ်။

ရှောင်းကျန့်လည်း ထိုကောင်ငယ်လေးရဲ့ဘေးမှာ တင်ပလွှဲလေးဝင်ထိုင်လိုက်ပြီး လက်ထဲက ဆေးရည်ခွက်ကို ကောင်
လေးအား တိုက်ဖို့ ဟန်ပြင်လိုက်သည်။

လက်တစ်ဖက်ကို အသုံးပြုပြီး ကောင်ငယ်လေးရဲ့ ပါးကို ဖျစ်လိုက်တဲ့အခါမှာ နှုတ်ခမ်းလေးက အနည်းငယ်ဟ လာသည်။
ထိုနှုတ်ခမ်းကြားလေးထဲသို့ ဆေးရည်ကို ဖြည်းညှင်းစွာ
လောင်းထည့်ပေးလိုက်သည်။

ဝါးဆစ်ခွက်ထဲက ဆေးရည်တွေ ကုန်သွားတော့ ကောင်ငယ်
လေးရဲ့နှုတ်ခမ်းထောင့်မှ ဆေးရည်အချို့ပြန်၍ စီးကျလာသည်။ရှောင်းကျန့် ကောင်လေးရဲ့နှုတ်ခမ်းတစ်ဝိုက်ကို
ပိတ်စသေးသေးလေးတစ်ခုနဲ့ ဖွဖွလေး သုတ်ပေးလိုက်ကာ
တဲထဲမှ ထွက်လာခဲ့လိုက်၏။

နတ်ဆေးဆရာမကြီးရဲ့ဘေးနားကို လျှောက်သွားလိုက်တော့
ဆရာမကြီးက ရွတ်ဖတ်နေတာကို ရပ်ပြီး မျက်လုံးများ ဖွင့်
ကြည့်လာတယ်။

"ဆေးတိုက်ပြီးသွားပြီလား လူလေး"

"ဟုတ် တိုက်ပြီးပါပြီ"

Xiao's Angel{completed}Where stories live. Discover now