Ch-30

2.5K 207 6
                                    

"အာ့..မင်း!"

အနမ်းတွေကို ရပ်တန့်ပစ်ပြီး ပေါက်သွားတာလား မသိသည့်
နဖူးစပ်အား လက်တစ်ဖက်နဲ့အုပ်ကိုင်ကာ ရိပေါ်အား ဒေါသ
တကြီးနဲ့ စိုက်ကြည့်နေသည့်လူ။

ရိပေါ် ထိုလူဘာဖြစ်သွားမလဲဆိုတာကို အနည်းငယ်တော့
စိုးရိမ်မိသား။

"ဘာ..ဘာဖြစ်သွားသေးလဲဟင်"

ဘာမှပြန်မဖြေတဲ့ လူ​ကြောင့် ရိပေါ် လှဲနေရာမှ ကုန်းရုန်းထ
လိုက်ပြီး မွေ့ရာပေါ်မှာ ဒူးထောက်ထိုင်ကာ ထိုလူရဲ့နဖူးကို
သေချာ ကြည့်လိုက်မိ၏။

"ခင်ဗျား လက်ကိုဖယ်ပေးလေဗျာ"

ထိုအခါမှ နဖူးစောင်းမှာအုပ်ထားတဲ့ သူ့လက်ကိုဖယ်ပေးတယ်။

"ပေါက်တော့မသွားပါဘူး၊ဒါပေမဲ့ နည်းနည်းတော့ ရဲနေတယ်။ကျွန်တော် ဆေးလိမ်းပေးမယ်နော်"

ကုတင်ပေါ်မှဆင်းဖို့ ပြင်နေတဲ့ ရိပေါ်ကို ရှောင်းကျန့်က
မျက်မှောင်ကုပ်၍ စိုက်ကြည့်နေပြီး ခဏကြာတော့...

"ခြေထောက်မှာ အနာနဲ့ကိုဘယ်ကိုသွားဖို့ ဟန်ပြင်နေတာလဲ"

ရိပေါ်က သူ့ကို ဆူပုတ်နေတဲ့မျက်နှာနဲ့ဆတ်ခနဲပြန်လှည့်ကြည့်
ပြီး....

"ခင်ဗျား နဖူးကဒဏ်ရာကို လိမ်းဖို့ ဆေးသွားယူမလို့လေ"

"ငါသွားယူမယ်၊မင်းမသွားနဲ့"

"ပြီးတာပဲ"

ရှောင်းကျန့်က ကုတင်ပေါ်မှဆင်းပြီး အခန်းပြင်သို့ထွက်သွား
တယ်။

ခဏလောက်ကြာတော့ ရှောင်းကျန့်က ဆေးသေတ္တာလေးကို
ကိုင်ပြီး ရိပေါ် အိပ်ခန်းထဲသို့ ပြန်ဝင်လာသည်။

ရိပေါ်လည်း Mr.seanလက်ထဲက ဆေးသေတ္တာကို ယူပြီး
အထဲမှ ဆေးဗူးတစ်ဗူးအား ထုတ်ယူလိုက်ကာ...

"ဆေးလူးပေးမလို့ လာထိုင်လေ"

ရှောင်းကျန့်က ခပ်တည်တည်မျက်နှာနဲ့ရိပေါ် ရဲ့ရှေ့မှာဝင်ထိုင်
တယ်။

ရိပေါ်လည်း Mr.seanရဲ့နီရဲနေတဲ့ နဖူးစပ်နားကို ဆေး
ဖွဖွလေး ပွတ်လိမ်းပေးကာ လေအေးအေးနဲ့ပါ မှုတ်ပေး
လိုက်တယ်။

Xiao's Angel{completed}Where stories live. Discover now