"ကျုပ်ကို ဘာကိစ္စရှိလို့ ဖုန်းဆက်ချိန်းရတာလဲ"
ကော်ဖီဆိုင်အတွင်း ဝင်လာတဲ့ ကျိုးလင်က မေဟွားထိုင်
နေတဲ့ စားပွဲဝိုင်းမှာ ဝင်ထိုင်ပြီး အမေးစကားဆိုတယ်။"နင် ဘာသောက်ဦးမလဲ မှာလေ"
"တော်ပြီ ဘာမှမသောက်တော့ဘူး ချိန်းရတဲ့အကြောင်းရင်း
ကိုသာ ပြော"စားပွဲပေါ်မှာ အလှတင်ထားတဲ့ပန်းအိုးလေးထဲက နှင်းဆီပန်း
ကို တို့ကိုင်ပြီး စိတ်ဝင်စားစရာလိုကြည့်နေတဲ့ ကျိုးလင်ကို မေဟွား မျက်မှောင်ကုပ်ပြီး ကြည့်မိသည်။ဒီပန်းက ဘာစိတ်ဝင်စားစရာ ကောင်းနေလို့ အဲ့လောက်ပြူးပြဲကြည့်နေရတာလဲ။"ဟဲ့..ငါပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်နော်"
"ကျစ်..ပြောမှာသာပြောစမ်းပါ"
"ငါ့ကို ကိစ္စတစ်ခုလောက်ဆောင်ရွက်ပေးနိုင်မလား"
"အကျိုးအမြတ်က?"
"နင်တောင်းသလောက်ပေးမယ်"
ထိုအခါမှ ကျိုးလင်က သူမကိုမော့ကြည့်လာပြီး နှုတ်ခမ်း
တစ်ဖက်တွန့်ရုံပြုံးပြကာ.."ကြိုက်ပြီ။ဘာလုပ်ပေးရမလဲဆိုတာသာပြော"
မေဟွားက ကျိုးလင်ကိုစိုက်ကြည့်ပြီး ကြောက်စရာကောင်း
တဲ့အပြုံးမျိုးကိုပြုံးတယ်။"နင်က သူယောကျာ်းပါလို့ ဝမ်ရိပေါ်ကိုသွားပြော"
"ဘယ်..ဘယ်လို"
"ဟုတ်တယ်။သူအတိတ်မေ့ဖူးတာကို ငါပြောပြထားလို့ ရိပေါ်
သိတယ်။ဒါပေမဲ့ သူအတိတ်မှာဘာတွေဖြစ်ခဲ့ဖူးတယ်ဆိုတာ
တော့ ရိပေါ် မသိဘူး""သူက ကျွန်းပေါ်ကအကြောင်းတွေကို အကုန်လုံးမေ့သွားတာ
လား""အင်း..brain washလုပ်လိုက်လို့ သူအတိတ်မေ့တုန်းက
အဖြစ်အပျက်တွေကို မေ့သွားတာ""သြော်.."
ကျိုးလင်က မျက်ခုံးကိုပင့်ပြီး ခေါင်းတဆတ်ဆတ်ညိတ်တယ်။
"ဒါပေမဲ့ ငါက သူ့ယောကျာ်းမှမဟုတ်တာ။သူ့ယောကျာ်းက
ရှောင်းရှောင်ကျန့်ဆိုတဲ့လူလေ"
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။