Ch-7

2.4K 251 14
                                    

"ရှောင်းကျန့်ရေ ဝမ်လေးကို ကိုယ်ဝန်ရအောင် ကူညီပေး
ပါနော်"

တွေ့ကြလား...ဆရာမကြီးအိမ်ကနေ အိမ်ကိုပြန်လာတဲ့
လမ်းတစ်လျှောက်လုံး ဒီစကားပဲပြောနေတဲ့ ကောင်လေး
က ခုအိမ်ပြန်ရောက်တဲ့အထိလည်း ဒီစကားကို ဆက်ပြော
နေဆဲပဲ။ကြားနေရတဲ့ ရှောင်းကျန့်မှာသာ ပါးတွေ၊နားတွေ
ကို ပူလို့။

"ဝမ်လေး..၊ကိုယ်ဝန်က မိန်းကလေးတွေပဲ ယူလို့ရတာလို့
ဆရာမကြီးက ပြောလိုက်တယ်မဟုတ်ဘူးလား"

"ဝမ်လေးကျတော့ ဘာဖြစ်လို့ ကိုယ်ဝန်မဆောင်နိုင်ရတာလဲ"

"ယောကျာ်းလေးဖြစ်နေလို့ပေါ့"

သူ့စကားကိုကြားတော့ အကောင်ပေါက်က ကုတင်ပေါ်ကို
ဝုန်းခနဲနေအောင် ဆောင့်အောင့်ပြီး ထိုင်ချတယ်။

"အဟင့်..ကိုယ်ဝန်လိုချင်ပါတယ်ဆိုနေမှပဲ"

"မဖြစ်နိုင်တာကို ဂျီကျမနေနဲ့နော် ဝမ်လေး။ကိုယ်စိတ်တိုလာ
ရင် တကယ်ရိုက်မှာ"

"ရှောင်းကျန့်က အလကားလူကြီး။ဝမ်လေးကို ဘာမှ ကူညီ
ပေးချင်စိတ်မရှိဘူး။တော်ပြီ ရှောင်းကျန့်ကို မချစ်တော့ဘူး"

ရှောင်းကျန့်သက်ပြင်းကို အကျယ်ကြီးချလိုက်မိတယ်။သက်ပြင်း တစ်ခါချရင် တစ်ရက်အသက်တိုတယ်ဆိုတဲ့ စကားပုံ
သာ အမှန်ဆိုလျှင် ရှောင်းကျန့် လူ့လောကထဲမှာ အကြာကြီး
နေလို့ရတော့မှာမဟုတ်ဘူး။တကတည်း စိတ်လေတယ်။

နောက်ဖေးဘက်က မီးဖိုခန်းလေးထဲကိုဝင်ပြီး ညစာအတွက်
ချက်ပြုတ်နေလိုက်သည်။ဟိုအကောင်ပေါက်ကတော့ ကောက်တော်မူတုန်းနေမှာပေါ့။နေပါလေ့စေ သွားချော့
မနေတော့ဘူး။မဖြစ်နိုင်တာကို ပူဆာနေတယ်။

~~~~~~~~~~~~~~~~~~~~~~

At Beijing,

"ဒါဆို ဝမ်လုပ်ငန်းစုရဲ့Ceoနေရာကို ဘယ်သူ့ကို ခန့်အပ်
ကြမလဲ"

meetingခန်းထဲမှာထိုင်ပြီး ခေါင်းချင်းဆိုင်ကာ ဆွေးနွေး
တိုင်ပင်နေကြတဲ့ ရှယ်ယာရှင်တွေ။

"ကျွန်မက ဒီလုပ်ငန်းစုမှာ ရှယ်ယာအများဆုံးဆိုတော့
ceoနေရာက ကျွန်မအတွက်ပဲ ဖြစ်သင့်တယ်မဟုတ်
လား"

Xiao's Angel{completed}Where stories live. Discover now