Ch-3

3.2K 295 13
                                    

"ဟေ့ ဆေးသောက်ရအောင်"

ညကမေ့မြောသွားတဲ့ ကောင်လေးက မနက်ပိုင်းမှာ သတိရ
လာခဲ့သည်။ခုလည်း ရှောင်းကျန့်ရဲ့အိပ်ခန်းမမည်တဲ့ အိပ်ခန်း
ကျဥ်းကျဥ်းလေးထဲမှာ ဟိုကြည့်၊ဒီကြည့်နဲ့ ဘာတွေစူးစမ်းနေတယ်မသိ။

ဆရာမကြီးမှာကြားထားတဲ့အတိုင်း ဆေးရွက်တွေကိုကျိုပြီး
ကောင်လေးအား တိုက်ဖို့ပြင်ရသည်။

ရှောင်းကျန့် ဆေးရည်ထည့်ထားတဲ့ ပန်းကန်လုံးလေးကို ကိုင်
ပြီး အိပ်ခန်းထဲသို့ ဝင်ကာ အသံပေးလိုက်တော့ ကောင်လေး
က သူ့ကို မျက်လုံးလေးအပြူးသားနဲ့ လှည့်ကြည့်လာတယ်။

"သားကို ပြောတာလား"

"အင်းလေ..ဒီနေရာမှာ မင်းရယ်၊ကိုယ်ရယ်ပဲရှိတာ မင်းကို
မပြောလို့ ဘယ်သူ့ကို ပြောရမှာလဲ"

ထိုအခါ ကောင်လေးက နှုတ်ခမ်းလေးဆူပြီး ကုတင်ပေါ်သို့
စွေ့ခနဲ တက်သွားတယ်။

"အဲ့ဒီ မဲမဲအရည်တွေ မသောက်ချင်ဘူး"

တင်ပလင်ခွေ ထိုင်ပြီး ခေါင်းကိုဘယ်၊ညာရမ်းကာ ငြင်းဆန်နေတဲ့ကောင်လေးက ကလေးလေးတစ်ယောက် ဂျီကျနေတဲ့
ပုံစံမျိုးနဲ့ ခပ်ဆင်ဆင်။

"နေကောင်းအောင် သောက်ရမယ်လေကွာ"

"ဟင့်အင်း..ဟင့်အင်း. မသောက်ချင်ဘူး"

"ဒါက မခါးဘူး ချိုချိုလေး"

"မဟုတ်ဘဲနဲ့"

ရှောင်းကျန့် ကုတင်ဘေးမှာ ဒူးတစ်ဖက်ထောက်၍ထိုင်ချ
လိုက်ပြီး ကောင်လေးရဲ့မျက်နှာလေးကို မော့ကြည့်ကာ
နှစ်လိုဖွယ်ကောင်းအောင် ပြုံးပြလိုက်တယ်။

"ဒီဆေးက အရောင်သာမလှတာ အရသာက တကယ်
ကောင်းတာကွ"

ကောင်လေးက သူ့စကားကို ကြားတော့ မျက်လုံးလေး
ထောင့်ကပ်ပြီး စဥ်းစားကြည့်သလို လုပ်နေတယ်။ခဏ
လောက်ကြာတော့...

"ဟုတ်လို့လား ညာမပြောရဘူးနော်"

ရှောင်းကျန့်ကို လက်ညှိုးလေးထိုးပြီး မေးလာတဲ့ကောင်လေး
က သိပ်ကို ချစ်ချင်စရာလေး။

"မညာဘူး သောက်ကြည့်လိုက် အရမ်းကောင်းတယ်"

ကောင်လေးက ရှောင်းကျန့်လက်ထဲက ပန်းကန်လုံးလေးကို
ဆွဲယူပြီး ဆေးရည်တွေကို အကုန်မော့ချနေသည်။

Xiao's Angel{completed}Where stories live. Discover now