"sob*ဘာဖြစ်လို့ ငါ့အတိတ်ကမလှပခဲ့ရတာလဲ"
အိမ်ပြန်ရောက်ကတည်းက ရေပန်းအောက်မှာ ဝင်ထိုင်ပြီး
ငိုကြွေးနေတဲ့ ရိပေါ်။အေးမြသောရေတွေကပင် သူ့ရင်ထဲ
က အပူမီးကို ငြိမ်းအေးစေလိမ့်မဟုတ်။"အား!ငါက ဘာလို့ အဲ့လိုလူတစ်ယောက်နဲ့လက်ထပ်ဖူးရ
တာလဲ..sob*""တောင်းပန်ပါတယ် အကိုရယ်"
ရိပေါ်ရဲ့ ရင်မှာ အရမ်းပူလောင်နေရပါတယ်။ပထမဆုံး ရင်ခုန်ဖူးတဲ့ အကို့ ကိုမှ ရိပေါ် စွန့်လွှတ်ရတော့မယ်ထင်ရဲ့။
မသန့်ရှင်းတဲ့ ခန္ဓာကိုယ်ကိုတော့ ရိပေါ်အကို့အား မပေးလို
ပါ။ကိုယ့်ခန္ဓာကိုယ်ကို တောင် ရိပေါ် မသတီတော့ဘူး။ဒါ့
ကြောင့် ဝေးဝေးကပဲ ခိုးချစ်နေပါရစေ အကို။ရိပေါ် အားတင်းပြီး မတ်တပ်ရပ်ကာ ရေချိုးခန်းထဲက ထွက်
ခဲ့လိုက်တယ်။ရေစိုနေတဲ့အဝတ်တွေကို ချွတ်ပြီး ရှပ်အကျ..အဖြူအပွကြီး
နဲ့ဘောင်းဘီအတိုလေးကိုသာ ဝတ်ဆင်ထားလိုက်တယ်။ဒေါက်!ဒေါက်!
"ဝင်ခဲ့လေ"
အခန်းထဲက ထွက်ပေါ်လာတဲ့ လေသံဖျော့ဖျော့လေးကြောင့်
မေဟွား ကြိတ်ပြုံးမိ၏။သရုပ်ဆောင်တာတော်လိုက်တဲ့
ကျိုးလင်။"ဝမ်လေး"
"အင်း..ပြောလေကျဲ"
"နေမကောင်းဘူးလားဟင်..နင်ကြည့်ရတာဖြူဖတ်နေတာပဲ"
"မဟုတ်ပါဘူး..ရေချိုးတာ နဲနဲကြာသွားလို့ပါ"
"သြော်..ဒါနဲ့ဘာဖြစ်လို့ အဝတ်အစားတွေထုတ်ပိုးနေတာလဲ"
ဗီရိုထဲက အဝတ်အစားတွေကို ကုတင်ပေါ်တင်ပြီး ခေါက်ကာ
luggageထဲ ထည့်နေတဲ့ ရိပေါ်က သူမ မှန်းထားတဲ့အတိုင်း နိုင်ငံခြားကို ထွက်သွားတော့မည့်ပုံ။ပျော်ရွှင်နေတဲ့
စိတ်ကို အသာဖုံးဖိပြီး မသိချင်ယောင်ဆောင်ကာ မေးလိုက်
တယ်။"ငါ ဆွစ်ဇာလန်မှာ အပြီးသွားနေတော့မယ် ကျဲ"
သူမ ရင်ဘတ်ကို လက်နဲ့ဖိပြီး အံ့သြသလို ပုံစံဖမ်းလိုက်ကာ..
"ဟယ်..ဘာဖြစ်လို့လဲ ဝမ်လေးရယ်။ဘာကိစ္စများရှိလို့လဲ"
ငိုချင်တာကို ထိန်းနေတဲ့ ရိပေါ်က အောက်နှုတ်ခမ်းကိုသာ ဖိ
ကိုက်ထားပြီး သူမ မေးတာကို ပြန်မဖြေ။
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။