Final

5K 262 11
                                    

"မင်း ဒါဘာလုပ်တာလဲ"

ချွင်!

ကြားလိုက်ရတဲ့အသံနဲ့အတူ အပြေးအလွှားဧည့်ခန်းထဲသို့ ပြေးဝင်လာသည့် လူရိပ်ကြောင့် မေဟွား ထိတ်လန့်စွာဖြင့်
လက်ထဲမှ ဓားကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်မိသည်။

"ရှောင်း"

သွေးတွေအဆက်မပြတ်ထွက်နေတဲ့ လက်ဖျံကဓားဒဏ်ရာ
ကို ကျန်လက်နဲ့ဖိအုပ်ဆုပ်ကိုင်ထားတဲ့ ရှောင်းကျန့်ရဲ့အမျိုး
သားငယ်လေးက ရှောင်းကျန့်ကို မြင်တော့ အားကိုးတကြီး
လှမ်းခေါ်ရှာတယ်။

ရှောင်းကျန့်က အံကိုခပ်တင်းတင်းကြိတ်ပြီး နီရဲနေသော
မျက်ဝန်းအစုံဖြင့် မေဟွားအား ပေါက်ထွက်တော့မတတ်စူး
စိုက်ကြည့်နေသည်။

"​ငါ...ငါလုပ်တာမဟုတ်ဘူးနော်"

မေဟွားက လက်နှစ်ဖက်ကိုခါရမ်းပြီး သွေးရူးသွေးတန်းနဲ့အော်ဟစ်နေပေမဲ့ သူမလက်တွေက တဆတ်ဆတ်တုန်ယင်
နေလေသည်။

"အား!!ငါ့ကို အဲ့လိုမကြည့်နဲ့ ငါ လုပ်တာမဟုတ်ဘူးလို့ပြော
နေတယ်လေ။Sean ငါ့ကို ယုံပါနော်"

ဖြန်း!!

ရှောင်းကျန့်ရဲ့အရှိန်ပြင်းပြင်းရိုက်ချက်အဆုံးမှာ မေဟွားက
ကြမ်းပြင်ပေါ်သို့ ခွေခနဲလဲကျ၏။

မေဟွားက အရိုက်ခံလိုက်ရတဲ့ ပါးတစ်ဖက်ကိုလက်နဲ့အုပ်ကိုင်ပြီး ရှောင်းကျန့်အား ကြောက်ရွံ့တုန်လှုပ်စွာ မော့ကြည့်ပြီး...

"နင်..နင် ငါ့ကို ရိုက်တယ်"

"အေး..ရိုက်ရုံတင်မဟုတ်ဘူး သတ်ပါသတ်ပစ်ချင်နေတာ။
ဒါပေမဲ့ မင်းလို ယုတ်မာတဲ့ မိန်းမတစ်ယောက်ရဲ့သွေးတွေ
ငါ့လက်မှာ မစွန်းထင်းချင်ဘူး။တရားဥပဒေက ပေးတဲ့အပြစ်
ကိုသာ မင်းခံယူဖို့ အသင့်ပြင်ထားလိုက်"

ရှောင်းကျန့်က သွေးတွေနဲ့လဲကျနေတဲ့ ရိပေါ်ကို ပွေ့ချီပြီး
ဧည့်ခန်းထဲမှ မပြေးရုံတမယ် ထွက်ခွာသွားတယ်။

"ဟင့်အင်း...ငါထောင်ကျမခံနိုင်ဘူး။ငါ ဘာလုပ်ရမလဲ"

မျက်လုံးတွေ တောင်ရောက်လိုက်၊မြောက်ရောက်လိုက်နဲ့
ဂနာမငြိမ်ဖြစ်နေတဲ့ မေဟွားက မသိရင် ရူးနေသည့် လူတစ်
ယောက်နှယ်။လက်သည်းတွေကို တ,တိတိ ကိုက်ပြီးပါးစပ်က ပွစိ၊ပွစိနဲ့ "ငါ ထောင်ကျမခံနိုင်ဘူး"ဆိုတဲ့ စကားစုကိုသာ
တဖွဖွ ရေရွတ်နေတယ်။

You've reached the end of published parts.

⏰ Last updated: Apr 16, 2022 ⏰

Add this story to your Library to get notified about new parts!

Xiao's Angel{completed}Where stories live. Discover now