"ရိပေါ်ကို ကိုယ်အကူအညီတစ်ခုလောက်တောင်းချင်တယ်"
ရိပေါ်နဲ့Seanတို့ မနက်စောစော သောင်စပ်မှာ အတူယှဥ်
တွဲပြီး လမ်းလျှောက်နေရင်းက Seanက အရင်စကားဆို
တယ်။"ဘာများလဲ အကို"
"ကိုယ်တို့ companyအတွက်ရိုက်မဲ့ကြေငြာမှာ ရိပေါ်က
မော်ဒယ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ပေးပါ့လား"ရိပေါ် လှမ်းလက်စခြေလှမ်းကိုတောင် ရုတ်တရက် ရပ်လိုက်
မိ၏။သူ့ကို အံ့သြဟန်နဲ့မျက်လုံးလေးပြူးပြီး လှည့်ကြည့်လာတဲ့
ကောင်လေးကြောင့် seanသွားနေရာမှ ရပ်လိုက်ပြီး
ကောင်လေးဘက်ကို သေချာလှည့်ကြည့်လိုက်တယ်။"ရိပေါ် ကိုယ်ပြောတာကြားလား"
ကြောင်တောင်တောင်နဲ့ရပ်နေတဲ့ ရိပေါ်က seanအသံထပ်
ပြုလိုက်မှ မျက်တောင်ကို ပုတ်ခတ်၊ပုတ်ခတ်လုပ်ပြီး ချောင်း
တစ်ချက်ဟန့်ကာ.."အဟမ်း..ဟို ကြားပါတယ်။ဒါပေမဲ့ ရုတ်တရက်ဆိုတော့လေ"
"ရုတ်တရက်ဆိုတော့ ဘာဖြစ်လို့လဲ"
ရှေ့က အကောင်ပေါက်က နားထင်ကို လက်ညှိုးလေးနဲ့ခြစ်
ပြီး အကြံအိုက်နေပုံ။"ဟို..မော်ဒယ်လုပ်တာက ကျွန်တော်နဲ့သိပ်ပြီး မအပ်စပ်ဘူး
ထင်တယ် အကို""အဲ့ဒါ ရိပေါ်အထင်လေ။ကိုယ့်အမြင်မှာတော့ ရိပေါ်က လက်ရှိ မော်ဒယ်တွေထက်တောင် ပိုပြီးလှတယ်"
"အကို..မြှောက်ပြောလွန်းနေပါပြီ။ကျွန်တော် မခံယူဝံ့ပါဘူး"
မချိပြုံးလေးပြုံးပြီး ပြောလိုက်ရတဲ့ ရိပေါ်က ရင်ထဲမှာတော့
ဝုန်းဆန်အောင် လှုပ်ခတ်နေပြီ။"ကိုယ့်ကို တကယ်ခင်တယ်ဆိုရင် ကိုယ့်ကမ်းလှမ်းမှုကို မငြင်းပယ် ပါနဲ့လား ရိပေါ်ရယ်"
မျက်နှာငယ်လေးနဲ့တောင်းဆိုနေတဲ့ အကို့ကြောင့် ရိပေါ် မှာ
ဘယ်လိုဆုံးဖြတ်ရမလဲ မဝေခွဲတတ်။အကိုက ရိပေါ်ရဲ့အလုပ်
ရှင်ဖြစ်သလို၊ရိပေါ်ကို အရမ်းဂရုစိုက်တဲ့ မိတ်ဆွေကောင်း
လည်းဖြစ်တယ်။အလုပ်ရှင်က တောင်းဆိုနေမှတော့ ရိပေါ်
လိုက်လျှောပေးရမည်။
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။