မျက်လုံးများ မဖွင့်ရသေးခင် ဘေးဘက်ကို စမ်းကြည့်မိတော့
အေးစက်နေသော အိပ်ရာခင်းရဲ့အထိအတွေ့သာ ရရှိသည်။
သူ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ မိုးလင်းနေပြီ။ရှောင်းကျန့် ကိုယ်ပေါ်ကစောင်ကိုဆွဲဖယ်ပြီး ကုတင်အောက်
မှာကျနေတဲ့ style pantကို ကောက်ယူ၍ ဝတ်လိုက်
တယ်။အကျ..ကိုတော့ ကောက်စွပ်ရုံသာ စွပ်ပြီး ကျယ်သီး
မတပ်ဘဲ အခန်းအပြင်သို့ ထွက်ခဲ့လိုက်သည်။နောက်တစ်ခေါက်ထွက်ခွာသွားပြီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့
အပြေးအလွှားရှာဖွေမိတော့ သူ့ရဲ့အေးချမ်းရာလေးက
အိမ်တံခါးကိုမှီရပ်ပြီး အပြင်ဘက်ကိုငေးကြည့်နေတာ
တွေ့ရသည်။ရှောင်းကျန့် ခုမှရင်အေးသွားသလို သက်ပြင်းချလိုက်မိသည်။ခြေသံလုံလုံလျှောက်နဲ့သွားလိုက်ပြီး ကောင်လေး
ရဲ့ခါးသိမ်သိမ်လေးကို နောက်ကနေပွေ့ဖက်ကာ ကောင်လေး
ရဲ့ပုခုံးပေါ်သို့မေးတင်လိုက်သည်။"Morning ပါ ဝမ်"
ရုတ်တရက်သူ့ပွေ့ဖက်ကြားက ရုန်းထွက်လိုက်တဲ့ ရိပေါ်က
သူ့ကို စိမ်းစိမ်းဝါးဝါးနဲ့လှည့်ကြည့်လာပြီး မထင်မှတ်တဲ့
လုပ်ရပ်ကို ပြုမူလာသည်။ခွပ်!
ပူခနဲဖြစ်သွားတဲ့ပါးပြင်ကို ရှောင်းကျန့်လက်ဝါးနဲ့အုပ်ကာ
ရိပေါ်ကို တန်ပြန်စူးစိုက်၍ ကြည့်လိုက်မိသည်။"ခင်ဗျား ကျွန်တော့်အိမ်ကနေ ခုထွက်သွား"
"ဘာဖြစ်လို့ ငါ့ကိုစိမ်းစိမ်းကားကား ဆက်ဆံရက်တာလဲ
ရိပေါ်""သြော်..ကျွန်တော့်အိမ်ပေါ်တက်ပြီး ကျွန်တော့်ကိုစော်ကား
တဲ့ခင်ဗျားကို ကျွန်တော်က ချိုချိုသာသာဆက်ဆံနေရဦး
မှာလား"ရွဲ့တဲ့တဲ့ပြောလာတဲ့ ရိပေါ်ကို သူ့မှာအပြစ်မမြင်ရက်။
"ညက မင်းလည်းသာယာနေခဲ့တာပဲ မဟုတ်လား"
"ခင်ဗျား!"
ဒေါသကြောင့် ရိပေါ်ရဲ့မျက်နှာလေးက နီရဲနေတယ်။
ရှောင်းကျန့် ရိပေါ်ထိုးလိုက်တဲ့ပါးစောင်ကို လျှာနဲ့ထိုး
ပြီး ရိပေါ်ကို ခပ်တည်တည်ပဲစိုက်ကြည့်နေလိုက်သည်။
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။