Ch-14❕

4.1K 238 11
                                    

" ရှောင်းကျန့် အနေနဲ့  ဝမ်လေးကို တစ်သက်လုံး သစ္စာရှိရှိနဲ့ ပေါင်းဖက်သွားမည်ဟု ကတိပြုပါသလား"

"ဟုတ် ကတိပြုပါတယ်"

"ဝမ်လေးကရော ရှောင်းကျန့်ကို တစ်ဘဝလုံးစာ လက်တွဲ
သွားပါမည်ဟု ကတိပြုနိုင်ပါသလား"

"ဟုတ် ကတိပြုပါတယ်"

ရှောင်းကျန့်တို့နှစ်ယောက်ရဲ့ မဂႅလာပွဲလေးဟာ ရိုးရှင်းပါ
တယ်။ရွာထိပ်က သောင်စပ်မှာ အနီရောင်ပိတ်စတွေသုံး
ပြီး အခမ်းအနားပုံစံမျိုးလေး လုပ်လိုက်တယ်။မဂႅလာပွဲ
ကိုလာရောက်ချီးမြှင့်ကြတဲ့ ရွာသူ၊ရွာသားတွေရဲ့အလယ်
မှာ ရှောင်းကျန့်နဲ့ဝမ်လေးက ရွာလူကြီးမေးလာတဲ့ မေးခွန်း
တွေကို ပြန်လည်ဖြေကြားပြီး ကတိသစ္စာပြုကာ လက်ထပ်
ပွဲကို အထမြောက်စေလိုက်သည်။

"ကဲ..ဒါဆို ခုချိန်ကစပြီး ရှောင်းကျန့်နဲ့ဝမ်လေးဟာ အကြင်
လင်မယားတွေဖြစ်သွားကြပါပြီ။တစ်ယောက်ကိုတစ်ယောက်
သစ္စာရှိရှိနဲ့သက်ဆုံးတိုင် လက်တွဲသွားကြပေါ့ကွာ"

ရွာလူကြီးရဲ့စကားအဆုံးမှာ နတ်ဆေးဆရာမကြီးက ရှောင်း
ကျန့်တို့နှစ်ယောက် ဘေးနားကို လျှောက်လာပြီး...

"လူလေး..ရေကူးပြိုင်တုန်းက အနိုင်ရလို့ ဆုရခဲ့တဲ့ ဆွဲကြိုး
လေးကို လူလေး အမျိုးသားကို ဆွဲပေးလိုက်ပါ"

ရှောင်းကျန့် နတ်ဆရာမကြီးစကားကို ခေါင်းညိတ်ပြပြီး လက်ခံလိုက်ကာ လည်ပင်းက ကြိုးအနက်နဲ့ဆွဲကြိုးလေးကို ဖြုတ်ယူလိုက်ပြီး လက်နဲ့ကိုင်ကာ...

"ဒီဆွဲကြိုးလေးက ကိုယ့်ဘဝရဲ့လက်တွဲဖော်ကို ပေးရတဲ့
လက်ဆောင်လေးလေ။ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်က မင်းဖြစ်
နေတာမလို့ ကိုယ့်ရဲ့တစ်ဘဝလုံးကိုရော ဒီဆွဲကြိုးလေးကို
ရော မင်းထံမှာ အပ်နှင်းပါရစေ ဝမ်လေး"

ဝမ်လေးက ရှက်ပြုံးလေးပြုံးပြီး ခေါင်းငုံ့ထားတယ်။

"ဆွဲပေးလိုက်တော့"

"ဟာ.."

"ဟယ်"

နတ်ဆေးဆရာမကြီး စကားကြောင့် ရှောင်းကျန့် ဆွဲကြိုးလေးကို ဝမ်လေး လည်တိုင်မှာ ဆွဲပေးဖို့ လုပ်နေတုန်း လက်
ချော်ကာ ဆွဲကြိုးလေးက သဲပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ထိုဖြစ်ရပ်ကြောင့် ရွာထဲကလူတွေရဲ့နှုတ်ဖျားမှလည်း အာမေဋိတ်သံပေါင်းစုံထွက်ပေါ်လာတော့သည်။

Xiao's Angel{completed}Where stories live. Discover now