#အရေးကြီးကိစ္စလေးဆွေးနွေးချင်လို့ ဟိုတစ်ခါခင်ဗျား
ချိန်းတဲ့နေရာကိုနေ့လည်သုံးနာရီလောက် လာခဲ့ပေးနိုင်မလား#ထိုစာကြောင်းအား ဟိုတစ်ခါဝင်လာဖူးတဲ့ ဖုန်းနံပါတ်ဆီသို့
ရိပေါ် ပို့လိုက်တယ်။ခဏကြာတော့လက်ခနဲဖြစ်သွားတဲ့ဖုန်းscreenနဲ့အတူ
#ok#ဆိုတဲ့ စာတိုတစ်ကြောင်းပြန်ဝင်လာသည်။"ကိုယ့်ကို တွေ့ချင်တာ ဘာကိစ္စရှိလို့လဲ"
မြစ်ကမ်းနားမှာ ရိပေါ် ရပ်နေတုန်း ကြားလိုက်ရတဲ့အသံနဲ့အတူ ဟိုတစ်ခါလူက ရိပေါ်ဘေးမှာ ယှဥ်ရပ်လာသည်။
"ခင်ဗျားနာမည် ကျွန်တော်သိလို့ရမလား"
"ကျိုးလင်လေ ဘာဖြစ်လို့လဲ"
ရိပေါ် ကျိုးလင်ဆိုသည့်လူကို ငဲ့စောင်းကြည့်ကာ စကားဆက်
လိုက်တယ်။"ဘယ်လိုအကြောင်းကြောင့် ခင်ဗျား ကျွန်တော့်ကို ညာခဲ့တာ
လဲ"ကျိုးလင်က ရိပေါ်အားပျက်ယွင်းနေတဲ့မျက်နှာထားနဲ့အထိတ်
တလန့်လှည့်ကြည့်ပြီး..."ဘာ..ဘာကိုပြောနေတာလဲ"
"ခင်ဗျား ခုမှမသိချင်ယောင်ဆောင်မနေနဲ့။ခင်ဗျားက ကျွန်တော့် အမျိုးသားမဟုတ်ဘူးဆိုတဲ့ အမှန်တရားကို ကျွန်တော်
သိခဲ့ရပြီ။ပြော..ဘာဖြစ်လို့ မဟုတ်ဘဲနဲ့ အလိမ်ဇာတ်ခင်းခဲ့
တာလဲ။ခင်ဗျား မပြောဘူးဆိုရင် ခင်ဗျားကို လိမ်လည်မှုနဲ့
ကျွန်တော် တရားစွဲပစ်မှာနော်"ရိပေါ်ရဲ့တည်တင်းနေတဲ့ မျက်နှာကို ကျိုးလင် အနည်းငယ်
တော့ လန့်နေမိသည်။"ဟို..အဲ့တာက မင်းအမ ပြောခိုင်းလို့ ငါပြောရတာပါ။ငါနဲ့
ဘာမှမဆိုင်ပါဘူး""ဘယ်လို..ကျဲက ခိုင်းတာဟုတ်လား"
"ဟုတ်ပါတယ်။သူက Mr.Seanနဲ့မင်း နီးစပ်သွားမှာကို
စိုးရိမ်နေတာ။မင်းကို သူမကဒီနိုင်ငံက ထွက်သွားစေချင်
တာ"ရှုပ်ထွေးမှု၊အံ့သြမှုနဲ့မယုံကြည်နိုင်ခြင်းတွေကို ရိပေါ်တစ်ပြိုင်
နက်တည်း ခံစားလိုက်ရသည်။ဘာလို့များ ကျဲက သူ့ကို ခုလို
လုပ်ရက်ရတာလဲ။ကျဲ အပေါ်မှာ သူမကောင်းတာ ဘာတစ်ခု
မှ မလုပ်ဖူးဘူးလေ။
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။