Ch-11

2.1K 220 17
                                    

"အာ့!"

"အရမ်းနာနေလားဟင်"

ဆေးဗူးလေးကို ကိုင်ပြီး ရှောင်းကျန့်အား ငိုမဲ့မဲ့မျက်နှာလေး
ဖြင့်ကြည့်ကာ အမေးစကားဆိုလာတဲ့ ကောင်လေးကြောင့်
ရှောင်းကျန့် ခေါင်းသာ ရမ်းပြလိုက်မိတယ်။အမှန်တကယ်
တော့ နှုတ်ခမ်းထောင့်ပေါက်သွားတာက ဆေးနဲ့ထိတွေ့မိ
တော့ အရမ်းစပ်လွန်းသည်။ဒါပေမဲ့လည်း ကောင်လေးကို
စိတ်မကောင်း မဖြစ်စေချင်တာကြောင့် ညာလိုက်မိခြင်း။

"ကြောက်နေခဲ့တာလား"

"ဟုတ်"

"ကိုယ်ပြောသလိုပဲ အဲ့လူက လူကောင်းမဟုတ်ဘူးဆိုတာ
ဝမ်လေး ယုံပြီမလား"

ခေါင်းလေးကို တဆတ်ဆတ်ညိတ်ပြလာတဲ့ ဝမ်လေး။

"အဲ့ကောင် ဝမ်လေးကို ဘာလုပ်သွားသေးလဲ"

"ပါးနဲ့လည်ပင်းတွေကို နမ်းတယ်။နှုတ်ခမ်းကို နမ်းဖို့လုပ်တာ
ဝမ်လေး အတင်းရုန်းလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ နှုတ်
ခမ်းဆိုတာ ကိုယ်ချစ်တဲ့သူကိုပဲ ပေးနမ်းရမယ်လို့ ရှောင်းကျန့်
ပြောဖူးတယ်လေ"

"တော်တယ်။နောက်တစ်ခါ ကိုယ်ဘယ်ပဲသွားသွား ဝမ်လေးကိုခေါ်သွားမယ်နော်"

"ဟုတ်"

"ပေး"

"ဟင်..ဘာကိုလဲ"

လက်ဝါးဖြန့်ပြီးဆေးဗူးတောင်းတာကို ဝမ်လေးက ကြောင်
တောင်တောင်လေးနဲ့ပြူးကြည့်နေရှာတယ်။

"ဆေးဗူးကို တောင်းနေတာ"

"သြော်..ရော့"

ရှောင်းကျန့်လည်း လက်ထဲရောက်လာတဲ့ဆေးဗူးကိုအဖုံးဖွင့်
ပြီး ဆေးဆီကိုယူကာ ဝမ်လေးရဲ့အနီရောင်သမ်းနေတဲ့ ပါး
ပြင်နုနုလေးကို ခပ်ဖွဖွလေး ပွတ်လိမ်းပေးလိုက်တယ်။

"တောက်ခ်!လူမဆန်တဲ့ကောင်"

ဝမ်လေးရဲ့အနီရောင်ပြေးနေတဲ့ ပါးတစ်ဖက်ကို ကြည့်နေရင်း
ရှောင်းကျန့် ဒေါသတွေပိုတိုးလို့ ထွက်လာမိတယ်။

"ဝမ်လေး မနာတော့ပါဘူး ရှောင်းကျန့်ရဲ့"

"ကိုယ်စောစောရောက်မလာနိုင်တာ ခွင့်လွှတ်နော်"

Xiao's Angel{completed}Where stories live. Discover now