Ch-16

1.8K 182 6
                                    

"ဟေ့..ဒီမှာ"

ကြားလိုက်ရတဲ့အသံတစ်သံကြောင့် ဝမ်လေး တံမြက်စည်း
လှဲနေရာမှ နောက်ကို လှည့်ကြည့်လိုက်မိသည်။

"အား!!ဘယ်က လူလဲ၊သူခိုးလား၊ဘယ်သူကြီးလဲ"

"ဟာ..ဟေ့..မရိုက်နဲ့လေ..ငါ သူခိုးမဟုတ်ပါဘူး"

သူ့ကို တံမြက်စည်းရိုးနဲ့ရိုက်နေသော ကောင်လေးကြောင့်
အနက်ရောင်ဝတ်စုံပြည့် ဝတ်ထားတဲ့ လူက ပတ်သတ်
ရှောင်ရှားနေရသည်။ရိုက်ချက်တွေကို လက်တကာကာ
နဲ့ တားဆီးနေရပြီး ပါးစပ်ကလည်း သူခိုးမဟုတ်ကြောင်း
တတွတ်တွတ် ရှင်းပြနေရ၏။

ရှောင်းကျန့်လည်း အိမ်ရှေ့က ကြားနေရတဲ့ ဆူဆူညံညံ
အသံတွေကြောင့် ကိုင်လက်စ ငါးကို ချပြီး လက်ကိုရေ
ဆေးကာ အိမ်ရှေ့သို့ ပြေးထွက်ခဲ့လိုက်သည်။

"ဘာဖြစ်တာလဲ ဝမ်လေး"

"ရှောင်းကျန့်..ဒီမှာ လူစိမ်းတစ်ယောက် အိမ်ကို ခိုးဝင်လာလို့"

ဝမ်လေးက တံမြက်စည်းကို ပစ်ချပြီး ရှောင်းကျန့် ရင်ခွင်
ထဲသိူ့ ပြေးဝင်ကာ တိုင်တောသလိုလေး ပြောဆိုတယ်။

ဦးထုပ်နဲ့maskအမဲရောင်ကို ဆွဲချွတ်နေတဲ့ ရှေ့ကလူကို
ရှောင်းကျန့် သေချာစိုက်ကြည့်နေလိုက်သည်။

"ငါပါကွ..ရှောင်းကျန့်ရ"

"ဟာ..အကိုလုံ"

မျက်နှာမြင်လိုက်ရမှ ဘယ်သူ၊ဘယ်ဝါဆိုတာ ရှောင်းကျန့်
သိတော့၏။အကိုလုံဆိုတာ ဟွမ်နောင်မြို့က မဂ္ဂဇင်းစာအုပ်
တိုက်မှာ အလုပ်လုပ်တဲ့ အယ်ဒီတာ တစ်ယောက်။အကိုလုံက
ရှောင်းကျန့်တို့ရွာကို မကြာ၊မကြာ အလည်လာလေ့ရှိသူ။

"မှတ်မိသွားပြီလား"

"တောင်းပန်ပါတယ် အကိုလုံရယ်၊အကိုက တစ်ကိုယ်လုံး
အမဲရောင်တွေ ဝတ်ထားတဲ့အပြင်နှာခေါင်းစည်းပါ တပ်ထား
တော့ ကျွန်တော် မမှတ်မိဘူး ဖြစ်သွားတာပါ"

"အေးကွာ..ငါလည်း နေအပူရှိန်ပြင်းတာနဲ့ပဲ တစ်ကိုယ်လုံး
အလုံထုတ်လာခဲ့တာ၊ခုတော့ သူခိုးနဲ့မှားပြီး အရိုက်ခံရ
ပါရောလား"

"ဖြစ်ရမယ် အကိုတို့ကတော့။သြော်..ဒါနဲ့ ထိုင်ပါဦး အကို"

လင်းလုံလည်း ရှောင်းကျန့် ညွှန်ပြတဲ့ ကွပ်ပျစ်လေးပေါ်မှာ
ဝင်ထိုင်လိုက်တယ်။

Xiao's Angel{completed}Where stories live. Discover now