Ch-6

2.8K 262 23
                                    

ရှောင်းကျန့် ဝမ်လေးကို အိမ်မှာ တစ်ယောက်တည်းချန်ရစ်
ပြီး မထားခဲ့ချင်ပေမဲ့ သူအလုပ်လုပ်ရာနေရာဖြစ်သော
ပင်လယ်ထဲသို့လည်း ခေါ်သွားလို့မဖြစ်ချေ။

နောက်ရက်များကျလျှင် ဝမ်လေး အတွက်အဆင်ပြေဖို့
အစီစဥ်တစ်ခုတော့ လုပ်ပေးရပေဦးမည်။

"ကိုယ် ငါးဖမ်းသွားလိုက်ဦးမယ်။အိမ်မှာ ကောင်းကောင်း
နေရစ်ခဲ့နော်"

"ဝမ်လေး လိုက်လို့မရဘူးလား"

"မရဘူး"

"ဟွန့်"

"အဲနှုတ်ခမ်းက ဘာဖြစ်ရတာလဲ"

ဝမ်လေးက ကုတင်ပေါ်မှာ လက်ပိုက်လျှက် ထိုင်နေပြီး နှုတ်
ခမ်းကိုလည်း တစ်တောင်လောက် စူထော်ထားသေးသည်။

ရှောင်းကျန့် ငါးဖမ်းရာတွင် သုံးသည့် ပိုက်ကို သေချာရစ်ခွေ
နေရင်းက ကုတင်ပေါ်က ပေါက်စကို မသိမသာ အကဲခတ်
ကြည့်မိ၏။ဒင်းလေးက ရှောင်းကျန့်ကို မှောင်ကုတ်ကုတ်
မျက်နှာဖြင့် ဘုရှိုးရှိုးနေသည်။

"ရှောင်းကျန့်က မခေါ်တော့ ဝမ်လေး စိတ်ကောက်သွားတာ
ပေါ့"

"အမယ်..ဖြစ်ရသေး"

"ဝမ်လေးကို ခေါ်ပါနော်။အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့
ရတာ အရမ်းပျင်းလို့ပါ"

မျက်နှာငယ်လေးဖြင့်အသနားခံနေသော အကောင်ပေါက်ကို
ရှောင်းကျန့် သနားစိတ်ဝင်မိပေမဲ့ ဒီအကောင်ပေါက် အလိုကို
လိုက်လျောပေးဖို့ကလည်း မဖြစ်ပြန်။ပင်လယ်ဆိုတာအရမ်း
အန္တရာယ် များတဲ့နေရာ။ခေါ်သွားလို့ တစ်ခုခုဖြစ်သွားခဲ့လျှင်
သူပဲ ရင်ကျိုးရမှာ။

"နောက်နေ့ကျ အဖော်တွေရှာပေးမယ်။ခုနေ့တော့ အိမ်မှာပဲ
အေးအေးဆေးဆေးလေး နေခဲ့။ကိုယ်သွားပြီ"

ရှောင်းကျန့် ပိုက်ခွေကို ပုခုံးပေါ်ထမ်းတင်လိုက်ပြီး ကုတင်
ပေါ်က အကောင်ပေါက်ရဲ့ဆံပင်တွေကို ဖွကာ နှုတ်ဆက်
စကားဆိုခဲ့လိုက်တယ်။

ရှောင်းကျန့် အိမ်ကထွက်သွားပြီး ခဏအကြာမှာ ဝမ်လေး
က ရှောင်းကျန့် နောက်ကို တိတ်တိတ်လေး ခိုးပြီး လိုက်
သွားလေသည်။

Xiao's Angel{completed}Where stories live. Discover now