Ch-9

2.1K 233 12
                                    

"ရှောင်းကျန့်"

"ဟင်"

"ဒီနေ့ပင်လယ်ထဲကိုသွားရင် ဝမ်လေးကို ခေါ်ပါ့လား"

မနက်စာအဖြစ် ငါးကင်ကိုစားနေသော ရှောင်းကျန့်က
ဝမ်လေးကို မျက်လွှာပင့်ကြည့်ပြီး ခေါင်းရမ်းပြတယ်။
မလိုက်ခဲ့နဲ့ဆိုတဲ့သဘောပေါ့။

"ဟွန့်..လိုက်ချင်လို့ပါဆို။"

"ပင်လယ်ဆိုတာ သိပ်ကိုအန္တရာယ်များတဲ့နေရာ ဝမ်လေးရဲ့"

"ရှောင်းကျန့်ပြောသလိုပဲနေမယ်လေ။ငြိမ်ငြိမ်လေးပဲ ထိုင်
နေမှာ။ဘာမှလျှောက်မလုပ်ဘူးလို့ ကတိပေးတယ်"

မျက်တောင်လေးပုတ်ခတ်၊ပုတ်ခတ် လုပ်ပြီး တောင်းဆိုနေ
တဲ့ ကောင်လေး။ရှောင်းကျန့် အရိုးပဲကျန်တော့တဲ့ ငါးကင်
ကို ပန်းကန်ပြားထဲ ပြန်ချလိုက်ပြီး စားပွဲပုလေးပေါ်က ပိတ်
စ ကိုယူကာ နှုတ်ခမ်းနဲ့လက်ကို သုတ်လိုက်တယ်။

"ရော့..ရေလေးသောက်လိုက်ဦး"

သောက်ရေအိုးထဲက ရေကို စတီးခွက်လေးနဲ့ခပ်ယူပြီး ရှောင်း
ကျန့်လက်ထဲ ထည့်ပေးလာတဲ့ ကောင်လေးက မျက်နှာလို၊
မျက်နှာရ လုပ်နေတယ်ဆိုတာ အသိသာကြီး။ရှောင်းကျန့်
မသိမသာပြုံးပြီး ရေခွက်ကိုယူကာ မော့သောက်လိုက်တယ်။

"တကယ်လိုက်ချင်တယ်ဆိုတာ သေချာလား"

"အင်း..အရမ်းသေချာတယ်။ခေါ်မှာလား"

ခေါင်းလေး တဆတ်၊တဆတ်ညိတ်ပြီး အဖြေပေးလာတဲ့
ကောင်လေးက မျက်လုံးလေးတွေ ပိတ်ကျသွားအောင်
လည်း ပြုံးပြနေသေးသည်။

"အင်းဟင်...ကိုယ့်ကို မှီအောင်လိုက်နိုင်ရင် ခေါ်သွားဖို့ စဥ်း
စားပေးမယ်"

"အား...ရှောင်းကျန့် အကျင့်ပုပ်ကြီး"

အိမ်ထဲက အလျှင်အမြန်ပြေးထွက်ခဲ့တော့ နောက်က အကောင်ပေါက်ရဲ့ မကျေမနပ်ရေရွတ်သံလေးကို တစွန်း
တစ ကြားရသည်။

"မှီအောင်လိုက်နိုင်မှ ခေါ်မှာနော်"

သူ့နောက်ကိုအပြေးလေး လိုက်လာတဲ့ ကောင်လေးကို
ရှောင်းကျန့် ပြန်လှည့်ကြည့်ပြီး အော်ပြောလိုက်တယ်။

Xiao's Angel{completed}Where stories live. Discover now