Ch-5

2.8K 325 28
                                    

"ဝမ်လေး"

ကောင်းကင်ကို မော့ကြည့်နေတဲ့ ကောင်လေးဟာ သူ့အသံ
ကိုကြားတော့ လှည့်ကြည့်လာတယ်။

"သားကို ခေါ်တာလား"

"အင်း"

"သားနာမည်က ဝမ်လေး ပေါ့"

"အဲ့လိုထင်တာပဲ"

လက်ထဲမှာ ကိုင်လာတဲ့ စောင်အပါးလေးကို ကောင်လေးရဲ့
ပုခုံးထက်သို့ လွှမ်းခြုံပေးလိုက်သည်။

"ညဘက် လေအေးတွေတိုက်တယ် အပြင်မှာအကြာကြီး
ရပ်မနေနဲ့"

"သားနာမည်က ဝမ်လေးဆိုရင် လူကြီးနာမည်က ဘာလဲ"

"ရှောင်းကျန့်"

"ဟုတ် ရှောင်းကျန့်"

"အမ် ကိုယ်က မင်းထက် အသက်ကြီးတယ်လေ"

"ဟင့်အင်း..ရှောင်းကျန့်လိုပဲ ခေါ်မယ်"

"ကဲ..သဘောဗျာ ကြိုက်သလိုသာ ခေါ်"

ထိုအခါမှ ကောင်လေးက လိုချင်တာရသွားတဲ့ ကလေးလေး
တစ်ယောက်လိုမျိုး တဟိဟိနဲ့ ရယ်မောနေသည်။

"လမင်းဘေးက ဘာတွေလဲ"

"ကြယ်လေးတွေ"

"သြော်"

"လာ ဝမ်လေး ညည့်နက်နေပြီ အိမ်ထဲဝင်ရအောင်"

"ဟုတ်"

ရှောင်းကျန့် ဦးဆောင်ပြီး အိမ်ထဲဝင်လိုက်တော့ အကောင်
ပေါက်က နောက်မှ ကုတ်ချောင်းချောင်းလေး လိုက်ပါလာသည်။

"ကုတင်ပေါ်မှာ အိပ်လိုက်"

"ရှောင်းကျန့်က ဘယ်မှာအိပ်မှာလဲ"

"ကိုယ်က ကြမ်းပြင်မှာအိပ်မှာလေ"

"အတူတူအိပ်လို့ မရဘူးလားဟင်"

ရှောင်းကျန့် သစ်သားနဲ့လုပ်ထားတဲ့ ဗီရိုအပုလေးထဲက အိပ်
ရာခင်းအသစ်နဲ့ခေါင်းအုံးကို ထုတ်ယူပြီး ကုတင်ဘေးက
ကြမ်းပြင်မှာ အိပ်ရာခင်းလိုက်တယ်။

"မရဘူး ကုတင်က သေးသေးလေး။တစ်ယောက်ပဲ အိပ်လို့
ရတယ်"

ကောင်လေးက ကုတင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်နေပြီး
ရှောင်းကျန့်လုပ်သမျှကို မျက်နှာငယ်လေးနဲ့လိုက်ကြည့်
နေရှာသည်။

Xiao's Angel{completed}Where stories live. Discover now