"ခုလိုမျိုး ဝမ်လေး ပျောက်သွားတော့ သမီး ပျော်နေလား"
ညနေက ဖြစ်ပျက်ခဲ့တဲ့အကြောင်းစုံကို အဘွားအား ပြောပြလိုက်တော့ အဘွားက လင်ရှီးကို ဆူပူခြင်းမလုပ်။ထိုအစား လေသံအေးအေးနဲ့သာ အကြောင်းအရာချို့ကိုမေးမြန်းသည်။
"ဟင့်အင်း"
အခန်းထောင့်မှာ ဒူးနှစ်ဖက်ကိုလက်နဲ့ပိုက်ပြီးထိုင်နေတဲ့ လင်ရှီးက မျက်ရည်တွေပေကျံနေတဲ့မျက်နှာနဲ့ခေါင်းခါပြသည်။
"သမီး လူဆိုတာ အတ္တမကြီးရဘူး။သမီးက ရှောင်းကျန့်ကို
သဘောကျပေမဲ့ ရှောင်းကျန့်က သမီးကို သဘောမကျဘူး
လေ။အဲ့ဒီ အမှန်တရားကို သမီးလက်ခံနိုင်ရမယ်""သမီးက ရှောင်းကျန့်ကို ဟိုးအရင်တည်းက ချစ်ခဲ့ရတာပါ
အဘွားရယ်"အဘွားက ဆေးတံကိုတစ်ရှိုက်ဖွာပြီး ပြတင်းပေါက်မှတစ်
ဆင့်အပြင်ကို ငေးကြည့်နေတယ်။"အပြင်မှာ ခုထိ မုန်းတိုင်းမစဲသေးတာကို သမီးမြင်တယ်မလား"
လင်ရှီးလည်း ပြတင်းပေါက်မှတစ်ဆင့် အပြင်မှာ ကျဆင်းနေ
တဲ့ မိုးစက်တွေကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။"ခု ဝမ်လေးကို လိုက်ရှာနေတဲ့ ရှောင်းကျန့်လည်း တစ်ခုခုဖြစ်
သွားနိုင်တယ်ဆိုတာ သမီးတွေးမိရဲ့လား"အဘွား စကားကြောင့် လင်ရှီး ရင်ထဲ စိုးထိတ်ကြောက်ရွံ့မှု
တွေ တိုးလာရသည်။ဝမ်လေးရော၊ရှောင်းကျန့်ရော မုန်တိုင်း
ကြောင့် တစ်ခုခုဖြစ်သွားခဲ့လျှင် အဓိက တရားခံက သူမ
ပဲလေ။"သမီး ကြောက်တယ် အဘွား sob*"
"တစ်ခုခုကို လုပ်မယ်ဆိုလျှင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်
ကို အရင်တွေးကြည့်ရတယ် သမီး။သမီးက စိတ်အလိုကို
အရမ်းလိုက်လွန်းတယ်။ဝမ်လေးက သနားစရာ ကလေးငယ်
လေးပါ သမီးရယ်""သမီး မှားမှန်းသိပါပြီ"
"အင်း..ဝမ်လေးအတွက် အားကိုးစရာလူဆိုလို့ ရှောင်းကျန့်
တစ်ယောက်ပဲ ရှိတယ်လေ။သူဘယ်ကလာတယ်ဆိုတာလည်း
သူမှတ်မိတာမဟုတ်ဘူး။နောက်ပြီး သူ့မိဘတွေက ဘယ်သူ
လဲဆိုတာကိုလည်း သူမသိဘူး။ယုတ်စွအဆုံး သူ့နာမည်ကို
တောင် သူမသိတော့တဲ့ စိတ်ဝေဒနာရှင်လေးပါကွယ်"
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။