Four years after,
"ကျဲရေ ကျွန်တော် ပြန်လာပြီ။ဟူး..မိုးကလည်း အိမ်ရောက်
မှပဲ ပြတ်သွားတော့တယ် တော်တော်ဒုက္ခပေးတဲ့ မိုး"ထီးကို ပိတ်ပြီး အိမ်အဝက ထီးထည့်တဲ့ဗုံးထဲမှာ ထည့်နေတဲ့
ကောင်လေးကို sean လှမ်းကြည့်နေမိသည်။ကောင်လေး
က ခုချိန်ထိ ဧည့်ခံထဲမှာ ထိုင်နေတဲ့ seanကို မြင်ပုံမရသေး။ရာသီဥတုကို မကျေနပ်စွာ အပြစ်ဖို့နေတဲ့ ကောင်လေး
က တကယ့်ကို ချစ်စရာ။"ဟင်..ခင်ဗျားက ဘယ်သူလဲ"
လှည့်ကြည့်လာတဲ့ ကောင်လေးက seanကိုမြင်သွားတော့
အံ့သြထိတ်လန့်သွားဟန်နဲ့ လက်ညှိုးလေးထိုးပြီး အမေး
စကားဆိုတယ်။"ကိုယ်ကလား"
seanကိုယ့်ကို လက်ညှိုးထိုးပြီး အူကြောင်ကြားပုံစံနဲ့
မေးလိုက်တော့ ကောင်လေးက မျက်မှောင်ကုတ်ပြီး
စိုက်ကြည့်နေတယ်။"သူခိုး!..ကျဲရေ အိမ်ထဲမှာ သူခိုး ရောက်နေတယ်ဟ။ဘယ်သူ
မှ မရှိကြဘူးလား!"အိမ်ထဲဘက်ကိုလှမ်းကြည့်ပြီး အော်ပြောနေတဲ့ ကောင်လေး
က ခဏကြာတော့ထီးဗုံးထဲက ထီးတစ်လက်ကို ထုတ်ယူပြီး
ဧည့်ခန်းထဲကို ပြေးလာကာ seanကို ရိုက်ဖို့ ကြိုးစားတော့
တယ်။"ဟာ..ဟေ့ ကိုယ့်ကို ဘာဖြစ်လို့ရိုက်တာလဲ"
seanမှာလက်တကာကာနဲ့ ရိုက်ချက်တွေကိုရှောင်ရှားနေ
ရသည်။"ခင်ဗျားက သူခိုးလေ။အဲ့ဒါကြောင့် ရိုက်တာပေါ့"
"ဝမ်လေး..ခုချက်ချင်း ရပ်လိုက်စမ်း"
မေဟွားဆူညံနေတဲ့အသံတွေကြောင့် မီးဖိုခန်းထဲမှပြေးထွက်
လာလိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ့်ကို အား
နာစရာ။သူမတို့လုပ်ငန်းစုမှာ ရှယ်ယာအများဆုံးဝင်ထားတဲ့
ceo.seanကိုမှ သူမ မောင်က မချေမငံဆက်ဆံနေတဲ့
အပြင် ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ ကြိုးစားနေတယ်။
သူမ အော်လိုက်တော့ ဝမ်လေးက ရိုက်နေတာကိုရပ်ပြီး
နောက်ကိုလှည့်ကြည့်လာသည်။
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။