ရှောင်းကျန့် ကားမောင်းနေရင်းမှ ရိပေါ်ကို ရှာဖွေကြည့်လိုက်
တော့ ပလက်ဖောင်းပေါ်မှာ ကို့ယို့ကားယားသွားနေတဲ့ ရိပေါ်
ကို တွေ့လိုက်ရသည်။"ဝမ်ရိပေါ် ကားပေါ်ကိုတက်ခဲ့"
ရိပေါ် ဘေးဘက်ကိုလှည့်ကြည့်လိုက်တော့ ကားကိုဖြည်းဖြည်းချင်းမောင်းပြီး လိုက်လာတဲ့ ရှောင်းကျန့်က
ကားမှန်ကိုချပြီး ရိပေါ်ကို အမိန့်ပေးပြန်သည်။"ကျွန်တော် ခင်ဗျားနဲ့မလိုက်နိုင်ဘူး"
ရိပေါ် စကားကိုပြတ်ပြတ်ပဲ ပြောခဲ့လိုက်ပြီး ဒေါက်ဖိနပ်တွေ
ကို ချွတ်ကာ ကောက်ယူလိုက်တယ်။ဒီဒေါက်ဖိနပ်နဲ့သာ သွား
နေရရင် တော်တော်နဲ့ခရီးရောက်မှာမဟုတ်ဘူးလေ။ဖိနပ်မပါ
ဘဲ သွားတာကမှ ပိုပြီး မြန်လိမ့်ဦးမည်။"ငါ စိတ်မတိုချင်ဘူးနော် ဝမ်ရိပေါ်"
ခုချိန်ထိ ပလက်ဖောင်းဘေးကနေ ကားကိုတလိမ့်ချင်းမောင်း
ပြီး လိုက်လာသေးတဲ့ Mr.Sean။ဒီလူ နားမပါဘူးလား
မသိဘူး။မလိုက်ပါဘူးလို့ ပြောထားတာတောင် ခုထိ ထွက်
မသွားနိုင်သေးဘူး။ရိပေါ် မကြားချင်ယောင်ဆောင်ပြီး လျှောက်မြဲတိုင်းဆက်
လျှောက်လိုက်တယ်။တီ!!!!
"ငါ့ကို စောက်ရေးမလုပ်တာလား ဝမ်ရိပေါ်"
ကျယ်လောင်စွာထွက်ပေါ်လာတဲ့ ကားဟွန်းသံနဲ့အတူ ဟိုလူ
ကြီးရဲ့လေသံမာမာကလည်း တဆက်တည်း ထွက်ပေါ်လာ၏။"ခင်ဗျားက ဘာမလို့ ကျွန်တော်က အရေးလုပ်နေရမှာလဲ"
အမြဲတမ်း အာဏာပါဝါတွေပြနေတဲ့ လူကြီးကို ရိပေါ် စိတ်
ထဲ အမြင်ကတ်လာတာကြောင့် လက်ထဲကဖိနပ်တွေနဲ့ထို
လူကြီးအား ပစ်ပေါက်လိုက်တယ်။မှန်ချထားတဲ့ ကားပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာ
တဲ့ ဒေါက်ဖိနပ် ပန်းရောင်ကြိုးသိုင်းလေးတွေ။ထိုဖိနပ်တွေ မထိမှန်အောင်ရှောင်းကျန့် မနည်းရှောင်ရှားလိုက်
ရ၏။သူကားကိုရပ်ပြီး ကားပေါ်ကဆင်းလိုက်တော့ ဝမ်ရိပေါ်က ထွက်ပြေးဖို့ ဟန်ရေးပြင်တော့တယ်။
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။