"လင်ရှီး နင်ကဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ"
ရှောင်းကျန့် အိမ်ကိုပြန်ရောက်တော့ အိမ်ရှေ့မှာ ထိုင်နေတဲ့
လင်ရှီးကို တွေ့ရသည်။"နင်ဒဏ်ရာရထားတယ် ကြားလို့ အဖွားဆီက ဆေးတောင်း
ပြီး လာပို့တာ"လင်ရှီးက ဆေးဗူးလေးကို ကမ်းပေးလာတာကြောင့် ရှောင်း
ကျန့် ယူလိုက်တယ်။"ကျေးဇူး။နင်ကလည်း အိမ်ထဲဝင်စောင့်နေတာမဟုတ်ဘူး။
ဝမ်လေးက နင့်ကို အိမ်ထဲမခေါ်တာလား""အဲ့တာက..ဟို..ဟို"
မျက်လုံးတွေ ဂနာမငြိမ်ဖြစ်ကာ စကားပြောဖို့ တုံ့ဆိုင်းနေ
တဲ့ လင်ရှီး။ရှောင်းကျန့် လင်ရှီးရဲ့မျက်နှာရိပ်၊မျက်နှာကဲကို
အသေချာ အကဲခတ်ကြည့်လိုက်ပြီး မျက်မှောင်ကုတ်မိတယ်။"ဘာလဲ ပြောလေ။ဝမ်လေးရော...ဝမ်လေးရေ!"
ရှောင်းကျန့်က သူမအဖြေကိုတောင် မစောင့်တော့ဘဲ ဝမ်လေးနာမည်ကို ခေါ်ကာ အိမ်ထဲသို့ ဝင်သွားတယ်။
"ဝမ်လေးကိုအိမ်ထဲမှာမတွေ့ဘူး။ပြော..နင်ဝမ်လေးကို ဘာ
လုပ်လိုက်တာလဲ"လင်ရှီးကို စူးစူးရဲရဲစိုက်ကြည့်ပြီး အံကြိတ်ကာ မေးလာတဲ့
ရှောင်းကျန့်ကြောင့် သူမ အတော်ထိတ်လန့်လာမိသည်။
လင်ရှီး လက်သီးကို ကျစ်ကျစ်ပါအောင် စုတ်လိုက်ပြီး
လေပူတစ်ချို့ကို မှုတ်ထုတ်လိုက်ကာ.."ငါ..ငါဘာမှမလုပ်ဘူး။ဒါပေမဲ့ သူ နင့်အိမ်မှာ ဆက်မနေ
သင့်ဘူးလို့ ပြောလိုက်တာ""အဲ့ဒါ နင်နဲ့ဆိုင်လား"
"ငါက နင့်ကို ချစ်နေတဲ့လူလေ။သူက နင့်အပေါ်မှာ မရိုးသား
ဘူး။အဲ့တာကြောင့် နင့်အနားမှာ သူ့ကိုမရှိစေချင်တာ
ငါ့အမှားလား ပြော""မှားတယ်။နင့်ကို ငါ ညီမလေးတစ်ယောက်လိုပဲ သဘော
ထားတာ။အရှင်းဆုံးပြောလိုက်မယ် ဝမ်လေးက ငါ့ရဲ့အနာ
ဂတ် လက်တွဲဖော်ပဲ။အဲ့တာကို နင်မြဲမြဲမှတ်ထားလိုက်""နင်က အရူးကို လင်တော်ချင်နေတာလား"
"မင်း!"
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။