"ဒီဓာတ်ပုံထဲက ကောင်လေးကို မြင်ဖူးလား အန်တီ"
လမ်းဘေးက တွန်းလှည်းနဲ့ပေါက်စီရောင်းတဲ့ အန်တီကြီး
ကို ရိပေါ်ရဲ့ဓာတ်ပုံလေး ပြပြီး မေးကြည့်တော့ ပေါက်စီ
သည် အန်တီကြီးက ဓာတ်ပုံကို သေချာကြည့်ပြီးနောက်
ခေါင်းခါပြတယ်။"ဟွမ်နောင် စျေးထဲမှာ သွားမေးကြည့်ပါလား စျေးမှာက
လူပေါင်းစုံတော့ တူမလေးတို့ သိချင်တာ သိရမယ်ထင်
တယ်""ကျေးဇူးပါ အန်တီ"
မေဟွား ပေါက်စီသည် အန်တီကြီးကို ခါးကိုင်းပြီးအရိုအသေ
ပေးလိုက်တယ်။"အခြေအနေ ဘယ်လိုလဲ ဟွား"
ကားပေါ်ကို ပြန်တက်ပြီး lover seatမှာ ဝင်ထိုင်လိုက်
တော့ မောင်းသူနေရာမှာ ထိုင်နေတဲ့ အကိုမင်က အခြေအနေ
ကို မေးမြန်းလာသည်။"အခြေအနေက မထူးပါဘူး။ဒါပေမဲ့ ဟွမ်နောင်စျေးထဲကို
သွားပြီး စုံစမ်းကြည့်ကြရအောင်""အိုကေ"
ကားနက်ကလေးက ဟွမ်နောင်စျေးရှိရာသို့ ဦးတည်မောင်း
နှင်သွားလေသည်။"ဒီဓာတ်ပုံထဲက ကောင်လေးကို ဒီနားဝန်းကျင်မှာ မြင်ဖူး
လားရှင့်"လိမ္မော်သီးတွေရောင်းနေတဲ့ ဦးလေးကြီးကို မေးကြည့်တော့
ခေါင်းသာ ခါပြလာပြန်သည်။"ဒီဓာတ်ပုံထဲက ကောင်လေးကို တွေ့ဖူးသလားဟင်"
ငါးသည် အဒေါ်ကြီးကလည်း ခေါင်းခါပြပြန်တယ်။
ဘယ်သူ့ကိုပဲမေးမေး မတွေ့ဖူးဘူးဆိုတဲ့ တူညီသော
အဖြေကိုသာ ဖြေကြားလာသည်။"ဟင်းး..."
သက်ပြင်းကို ခပ်ပြင်းပြင်းချပြီး ခေါင်းမှာစောင်းထားတဲ့
ဦးထုပ်အဝိုင်းပြန့်ကြီးကို ဆွဲချွတ်ကာ စျေးထိပ်မှာရှိနေတဲ့
အုတ်ခုံလေးပေါ်မှာ ခြေပစ်၊လက်ပစ် ထိုင်ချမိသည်။"ရော့..ရေလေးသောက်လိုက်ဦး ဟွား"
အကိုမင်က ရေသန့်ဗူးတစ်ဗူးကို မေဟွားထံ ကမ်းပေးပြီး
အနားမှာ ဝင်ထိုင်လာသည်။"ကျေးဇူး"
မေဟွား ရေသန့်ဗူးအဖုံးကို ဆွဲဖွင့်ပြီး တစ်ကျိုက်လောက်မော့
သောက်လိုက်တယ်။ခုမှပဲ ရင်ထဲ အေးသွားသလို ခံစားရ၏။
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။