"lunch သွားစားမလို့လား ရိပေါ်"
ဓာတ်လှေကားစောင့်နေတုန်း ကြားလိုက်ရတဲ့အသံတစ်ခု
ကြောင့် ရိပေါ် ဘေးဖက်ကို ငဲ့စောင်းကြည့်မိသည်။suit
အနက်ရောင်ကို စတိုင်ကျကျဝတ်ဆင်ထားပြီး ဘောင်းဘီ
အိတ်ကပ်ထဲ လက်နှိုက်ကာ ရိပေါ်ဘေးမှာ ယှဥ်ရပ်လာသူက
ရိပေါ်ရဲ့အသစ်စက်စက် အလုပ်ရှင်ကြီး Mr.Seanပင်။"ဟုတ်ပါတယ် Ceo"
"ကိုယ့်ကို အဲ့လိုတရိုတသေကြီး မခေါ်ပဲနဲ့ အကို လို့ပြောင်း
ခေါ်ကြည့်ပါ့လား ရိပေါ်""ဖြစ်.ဖြစ်ပါ့မလား"
"ဘာကိုမဖြစ်ရမှာလဲ။ကာယကံရှင်ကိုယ်တိုင်က ခေါ်ပါလို့
ခွင့်ပြုနေတာလေ"ရိပေါ် မပြုံးချင်ပေမဲ့လည်း ဟန်ဆောင်ပြီး အနည်းငယ်ပြုံး
လိုက်ကာ ခေါ်ပါ့မယ် ဆိုတဲ့သဘောနဲ့ ခေါင်းညိတ်ပြလိုက်ရ
သည်။"ဟုတ်..ဒါဆိုလည်း ကျွန်တော်ပြောင်းခေါ်ပါ့မယ်"
ထိုအချိန်ပွင့်လာသော ဓာတ်လှေကားတံခါးကြောင့် ရိပေါ်
Mr.seanကို ခေါင်းငုံ့ပြီးအရိုအသေပေးလိုက်ကာ ဓာတ်
လှေကားထဲသို့ ခပ်မြန်မြန်ဝင်လိုက်တယ်။"ဟင်..အကိုလည်း ဒီကစီးမှာလား"
"ဒါပေါ့..ရိပေါ်အတွက် ပြဿနာရှိလို့လား"
"မ..မရှိပါဘူး။အံ့သြသွားလို့ပါ"
"ဘာကို အံ့သြတာလဲ"
ရိပေါ်ခြောက်သွေ့နေတယ်လို့ခံစားရတဲ့ နှုတ်ခမ်းကို လျှာနဲ့
တစ်ချက်သပ်လိုက်ပြီး.."ဟို..အကိုတို့ VIP တွေစီးဖို့က lift သက်သက်ရှိတယ်မလား"
"ရှိပေမဲ့..အကိုက ဒီရိုးရိုးဟာကိုပဲ စီးချင်နေတာ"
"သြော်.."
အင်း..သူပိုင်တဲ့companyမှာသူစီးချင်တာစီးတာလေ
ရိပေါ်နဲ့ဘာဆိုင်တာမှတ်လို့။အကြောရှည်ပြီး မေးမိတာကိုက ရိပေါ်အမှား။"ရိပေါ်က ဘယ်အထပ်မှာဆင်းမှာလဲ"
"မြေညီထပ်မှာ ဆင်းမယ် အကို"
"ကိုယ်နဲ့မြေအောက်parkingကို လိုက်ခဲ့ပါ့လား။"
သူ့စကားကြောင့် ရိပေါ်က ကြောင်တောင်တောင်လေး မော့
ကြည့်လာတယ်။Sean ချောင်းတစ်ချက်ဟမ့်လိုက်ပြီး..
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။