"ကျဲက ဒီကျွန်းကို ဘာလာလုပ်တာလဲ"
"ငါလည်း အပန်းဖြေမလို့ လာခဲ့တာပေါ့ ဝမ်လေးရယ်"
နေ့လည်လောက်တုန်းက ကျဲက သူမဟွမ်နောင်ကျွန်းကို ရောက်နေပါတယ်ဆိုပြီး ဖုန်းဆက်ခါပြောသည်။
အဲ့ဒါကြောင့် သူမတည်းနေတဲ့အခန်းဆီ ရိပေါ်အလည်သွား
နေခြင်း။ခရီးဆောင်အိတ်ထဲက အဝတ်တွေကို ချိတ်နဲ့ချိတ်ပြီးဗီရိုထဲ
ထည့်နေတဲ့ ကျဲကို ရိပေါ် မွေ့ရာပေါ်မှာထိုင်ပြီး စောင့်နေ
လိုက်တယ်။"နင့်အလုပ်တွေက ဒီတိုင်းထားခဲ့လို့ ရရဲ့လား"
"ငါအဆင်ပြေလို့ ထားခဲ့တာပေါ့ဟယ်။ဘယ်တုန်းကများ
ငါ့အလုပ်အကြောင်းကို ဒီလောက်ထိစိတ်ဝင်စားတတ်သွား
တာလဲ""ငါက ဒီတိုင်းပဲမေးကြည့်လိုက်တာပါ။နင်အဆင်ပြေတယ်
ဆိုရင်လည်း ပြီးတာပဲ"အကျ..ကိုချိတ်နဲ့ချိတ်နေရင်းက နှုတ်ခမ်းမဲ့ချလိုက်တဲ့ မေဟွားရဲ့အပြုအမူကိုတော့ ကုတင်ပေါ်မှာထိုင်နေတဲ့ ရိပေါ်က
မမြင်လိုက်။မေဟွားက အကျ.တွေကိုဗီရိုထဲအစီအရီထည့်ပြီးတော့ မှန်တင်ခုံရှေ့က ထိုင်ခုံကိုဆွဲယူပြီး ရိပေါ်နဲ့မျက်နှာဆိုင်
မှာ ဝင်ထိုင်တယ်။"ဟဲ့..ဝမ်လေး"
"အေး..ပြောလေ"
"နင့်လည်ပင်းက ဆွဲကြိုးလေးက ဒီဇိုင်းလေးဆန်းလိုက်တာ။
ဘယ်က ဝယ်ထားတာလဲ"ကျဲက ရိပေါ်ရဲ့လည်ပင်းကို အရောင်တလက်လက်တောက်
နေတဲ့ မျက်ဝန်းတွေနဲ့ရွှန်းရွှန်းစားစား စိုက်ကြည့်နေတယ်။ရိပေါ် ဆွဲကြိုးလေးကို လက်နဲ့ကိုင်လိုက်ပြီး..
"ဒါလေးက ငါလက်ဆောင်ရထားတာ"
"ဘယ်သူ့ဆီကလဲ"
"Mr.Seanဆီက"
ဂါဝန်စကို ဖိချေလိုက်တဲ့ မေဟွား။သူမရဲ့မျက်ဝန်းတွေကလည်းစူးရဲသွားသည်။ဒါကို ရိပေါ်ကတော့ သတိထားလိုက်မိ
ပုံမပေါ်။"အဲ့ဒီဆွဲကြိုးလေး ငါ့ကိုပေးပါ့လား ဝမ်လေးရယ်"
"ဒါကသူများလက်ဆောင်ပေးထားတာလေ ကျဲရာ"
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။