"ဝမ်လေး ဟွမ်နောင်ကျွန်းမှာ ဘယ်နှစ်ရက်လောက်ကြာ
မှာလဲ"ရိပေါ် ခရီးဆောင်အိတ်လေးထဲ အဝတ်အစားလေး၊ငါးစုံ
လောက်နဲ့လိုအပ်လောက်မဲ့ ပစ္စည်းလေးတွေရွေးထည့်နေ
တုန်း အခန်းထဲဝင်လာတဲ့ ကျဲဟွား။"အလုပ်ကိစ္စနဲ့သွားမှာဆိုတော့ ဘယ်နှစ်ရက်ကြာမလဲ
မခန့်မှန်းတတ်ဘူး""Mr.Seanရောပါမှာလား"
"ပါမှာပေါ့ ကျဲရ"
မျက်နှာပျက်သွားတဲ့ မေဟွားကိုတော့ သူ့အလုပ်သူလုပ်နေ
တဲ့ ရိပေါ်က သတ်ိမထားမိလိုက်။"Mr.seanနဲ့ဝမ်လေးက အရမ်းရင်းနှီးနေသလိုပဲနော်"
ရိပေါ် လိုအပ်တာတွေထည့်ပြီးနောက် ခရီးဆောင်အိတ်ရဲ့
ဇစ်ကို အသာဆွဲပိတ်လိုက်တယ်။ပိုးသားညဝတ်ဂါဝန်အပြာ
ရောင်ကို ဝတ်ထားတဲ့ကျဲက ကုတင်ဘေးမှာ လက်ပိုက်ပြီး
မတ်တပ်ရပ်နေတယ်။ရိပေါ် ကျဲကို လှည့်ကြည့်လိုက်ပြီး.."မဟုတ်ပါဘူး ကျဲရာ။သူနဲ့ငါက အလုပ်ရှင်နဲ့အလုပ်သမား
ဆက်ဆံရေးပါပဲ""ဒါပေမဲ့ သူက ဝမ်လေးကို အရေးပေးနေတာ အသိသာချည်း
ပဲလေ""သူက ငါ့ကို ဘာတွေ အရေးပေးနေလို့လဲ"
"မပြောတတ်ဘူး။ဒါပေမဲ့ သေချာတာတစ်ခုက Mr.sean
ဝမ်လေးကို ဆက်ဆံတာ ထူးခြားတယ်""နင်စိတ်ထင်တာပါ ကျဲရယ်။သူက တစ်ခြားအလုပ်သမား
တွေအပေါ်မှာလည်း ခုလိုပဲ ဆက်ဆံတာပါ""အေးပါ။အဲ့ဒါဆိုလည်း ပြီးတာပါပဲ။မနက်ခရီးသွားရမှာ
ဆိုတော့ စောစောအနားယူတော့""အင်း ကျဲ"
ကျဲ အခန်းထဲကထွက်သွားမှ ရိပေါ် ခေါင်းကိုအကြောင်းမဲ့
ကုတ်လိုက်မိတယ်။ကျဲကလည်း တစ်မျိုးပဲ။ဘာကိစ္စ ceo
နဲ့ရိပေါ်ရဲ့ အကြောင်းကို တကူးတကကြီးလာမေးနေလည်း
မသိ။"ရှုပ်ပါတယ်။စောစောအိပ်တာပဲ ကောင်းတယ်"
တွေးလို့မရတဲ့အဆုံး ရိပေါ် အိပ်ရာပေါ်လှဲချပြီး အိပ်စက်ဖို့
ဟန်ပြင်လိုက်တယ်။~~~~~~~~~~~~~~~~~~~~~~
"ဒီလို သဘာဝရှုခင်းတွေကိုမြင်ရတော့ ရိပေါ်စိတ်ထဲဘယ်လို
နေလဲ"
YOU ARE READING
Xiao's Angel{completed}
Fanfictionသူ့ထံကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ နတ်သားလေးကို ရှောင်းက သိပ်ချစ်ပါသတဲ့။