Ch-10

2.3K 226 7
                                    

"အဲ့ဒီကောင်လေးက ရှောင်းကျန့်အိမ်မှာ နေတာပေါ့"

"ဟုတ်ပါတယ် ဆရာ"

"ဒီတစ်ခေါက် ဟွမ်နောင်မြို့ကိုမပြန်ခင် အဲ့ကောင်
လေးကို အပိုင်သိမ်းခဲ့မှ ဖြစ်မယ်ထင်တယ်"

သဘေႅာကြီးတစ်ခုရဲ့အခန်းတစ်ခန်းထဲဝယ် လူသုံးယောက်က
တစ်စုံတစ်ခုကို ပြုလုပ်ဖို့ တိုင်ပင်ဆွေးနွေးနေကြလေသည်။
ကျိုးလင်က ထိုင်ခုံတစ်လုံးပေါ်တွင် ခြေချိတ်ကာထိုင်နေပြီး
လက်ကြားတွင်လည်း မီးညှိထားသောစီးကရက်ကို ညှပ်ထား
၏။သူ၏တပည့်နှစ်ယောက်ကတော့ ကျိုးလင် ရှေ့တွင် လက်
နှစ်ဖက်ကို နောက်ပစ်၍ သတိအနေအထားနဲ့ ရပ်နေကြကာ
ကျိုးလင် မေးတာတွေကို ဖြေကြားနေတယ်။

"ဆရာ အဲ့ကောင်လေးကို စိတ်ဝင်စားလို့လား"

ကျိုးလင်က စီးကရက်ကို နှုတ်ခမ်းမှာတေ့ပြီး ခပ်ပြင်းပြင်း
ဖွာရှိုက်ကာ ခေါင်းညိတ်ပြတယ်။

"ဒါများဆရာရယ် ခါတိုင်းလူတွေလိုပဲ လိုချင်တာပေးပြီး
အပိုင်သိမ်းလိုက်ပေါ့"

"ကျစ်..အဲ့လိုမရလောက်ဘူး။အဲ့ကောင်လေးက ကလေးစိတ်
သာသာလောက်ပဲရှိတာ"

"ရူးနေတာလား"

"မပြောတတ်ဘူး။ပုံမှန်စိတ်မဟုတ်တာတော့ သေချာတယ်"

"ဘယ်လိုပဲဖြစ်ဖြစ်လေ။ဆရာလိုချင်နေမှတော့ ရအောင်ယူ
လိုက်။အဲ့ကောင်လေးကိုရဖို့ ဆရာ့ကို ကျွန်တော်တို့ အစွမ်း
ကုန်ကူညီပေးမယ်"

ကျိုးလင်က မျက်ခုံးထောင့်ကို လက်ညှိုးနဲ့ခြစ်ပြီး ခပ်ဖွဖွ
ပြုံးကာ

"အဟင်း..ကောင်းပြီလေ။ဒါဆို ငါဒီတစ်ခေါက် ဟွမ်နောင်
မြို့ကို မပြန်ခင် အဲ့ကောင်လေးကို အရယူချင်တယ်။မင်းတို့
ကြည့်ပြီး စီစဥ်လိုက်"

"ဟုတ်ကဲ့"2

"ကဲ..ခုတော့ ငါတို့ပါလာတဲ့ ပစ္စည်းတွေနဲ့ရွာထဲကလူတွေရဲ့
ငါးတွေနဲ့ သွားလဲပေးလိုက်ဦး"

ရှေ့ကနှစ်ယောက်က ကျိုးလင်ကို ခေါင်းငုံ့ပြီး အရိုအသေ
ပေးကာ ထွက်ခွာသွားကြတယ်။

ကျိုးလင်တို့အလုပ်ကရွာထဲကလူတွေလိုအပ်လောက်မဲ့ပစ္စည်း
တွေကို ဝယ်လာပြီး ရွာထဲကလူတွေဖမ်းထားတဲ့ ငါးတွေ၊
ငါးခြောက်တွေနဲ့လဲယူကာ ထိုငါးတွေ၊ငါးခြောက်တွေကို
ဟွမ်နောင်မြို့မှာ ပြန်လည်တင်သွင်း ရောင်းချခြင်းဖြစ်သည်။

Xiao's Angel{completed}Where stories live. Discover now