အစ်ကိုစဝ်မင်းမာန်ခဆိုတာ သူတို့ကျောင်းက kingကြီး သူတို့အတန်းထဲကကောင်မလေးတွေ ရဲ့သဲသဲလှုပ် မင်းသားလေး သူတို့အတန်းတင်မဟုတ်ပါဘူး တကျောင်းလုံးက ကောင်မလေးတွေရဲ့ သဘောကျရတဲ့သူ ကောင်လေးတွေဆိုလည်း idol တယောက်လို သတ်မှတ်ထားရတဲ့သူ အဲလိုလူက ဘာလို့သူ့အိပ်ရာထဲရောက်ပြီး သူ့ကိုပွေ့ဖက်ထားရတာလဲဆုလာဒ်တယောက် အစ်ကိုစဝ်မင်းမာန်ခကို ကြည့်ရင်းအတွေးတွေ ပွားနေမိတယ်
"အစ်ကို အစ်ကို ကျွန်တော်ကိုလွှတ်ပါအုံး အစ်ကို"
ဆုလာဒ် အတင်းရုန်းထွက်ပင်မယ့်မရတာကြောင့် အစ်ကို ကိုအတင်းနှိုးလိုက်မိတယ်
"ဟင် ညီ နိုးပြီလား sorry အစ်ကိုအိပ်ပျော်သွားတယ်"
စဝ် ဖြိုးဆုလာဒ်ကို လွှတ်ပြီး အမြန်တောင်းပန်လိုက်ပင်မယ် သူ့ရှေ့ကညိုလုံးလုံးကောင်လေးက သူ့ကိုမျက်မှောင်ကြုတ်ပြီး ဘာတွေအတွေးများနေမှန်းမသိ နှုတ်ခမ်းလုံးလုံးလေးကရှေ့ကဆူထွက်နေတော့တယ်
"ညီ ညီ"
"ဟင် ဒါနဲ့ အစ်ကိုက ကျွန်တော့်ကုတင်ပေါ် ဘာလို့ရောက်နေတာလဲ မဟုတ်သေးပါဘူး ဒါကျွန်တော်အိမ်ပါ ဟုတ်ပါတယ် ဒါလည်းကျွန်တော် ကုတင် ကျွန်တော့်အခန်းပါ"
ညိုလုံးလေးက သူကိုမေးသလို့ သူ့အခန်းကိုလှည့်ပါတ်ကြည့်ပြီး သူ့ဘာသာတယောက်တည်းပြန်ဖြေရင်း အလုပ်တွေရှုပ်နေတာကို စဝ် ထိုင်သာကြည့်နေလိုက်မိတယ်
"အစ်ကို မေးတာဖြေအုံးလေ ကျွန်တော့်ကိုဘာလိုဖက်ထားတာလဲ ကျွန်တော့်အခန်းကိုဘာလို့ရောက်နေတာလဲ"
"အဲအဖြေကို ညီ့ဖေနဲ့မေတို့နဲ့ အတူတူသွားတွေ့ရင် ဖြေပေးမယ် လာ ရှေ့ကအခန်းမှာ အစ်ကို့မိဘတွေရော ညီ့မိဘတွေရော ရှိတယ် "
"ဘာလို့အစ်ကိုမိဘတွေကရောက်နေတာလဲ"
သူပြောတာကို အူလည်လည်ကြည့်ပြီး နားမလိုလုပ်နေတဲ့ ညိုလုံးလေးကြောင့်
![](https://img.wattpad.com/cover/294721465-288-k561731.jpg)
YOU ARE READING
mysterious fate
General FictionZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး