"အား.....မဖြစ်နိုင်တာကြီး အစ်ကိုကိုလက်ထပ်ရမယ်ဟုတ်လား ယောက်ကျားချင်းကြီး ကြက်သီးတောင်ထလာပြီ "ဆုလာဒ် ဖေနဲ့မေ ပြောတဲ့ စကားကြောင့် ထိုင်ရာကနေ ထလိုက်မိပြီးအော်လိုက်မိတယ်
"သားသား"
"မေ သားကဒီအတိုင်းနေမကောင်းဖြစ်တာပါ လက်ထပ်စရာမလိုပါဘူး ခုကြည့် သားနေပြန်ကောင်းနေပြီလေ"
"မေတို့လည်း မယုံချင်ပါဘူး သားသားရယ် မနက်ကထိ အိပ်ရာထဲကမထနိုင်တဲ့ သားက ခု 3နာရီလောက် သားစဝ်မင်းမာန်ခနဲ့ အတူအိပ်လိုက်တာ သားခုလို နေကောင်းသွားတယ်လေ"
"အတူအိပ်တာဟုတ်ပါဘူး ဒီအတိုင်း"
"အဲဒါဆိုလည်း လက်မထပ်တော့ဘူးလေ ခုလိုပဲတနေ့3နာရီလောက် အစ်ကိုကအချိန်ပေးပေါ့ အဲဒါဆို အဆင်ပြေတာပဲ ကျိန်စာမိတာဆိုရင် "
"ခုချိန်က ကျိန်စာကအစမလို့ အဲလောက်နဲ့သက်သာသွားပင်မယ့် နောက်အကြိမ်တွေဆိုရင် အဲလောက်နဲ့ရမှာမဟုတ်ဘူး သားငယ်လေး ကျိန်စာကတရက်ထက်တရက် ပိုပြင်းထန်လာမှာ"
ဦးစဝ်သင်္ခါ စကားကြောင့် ဆုလာဒ်ထိုင်သာငိုချင်မိတော့တယ်
"ဒါဆို ကလေး မမွေးရင် တသက်လုံး ကပ်ခွာလို့ အစ်ကိုနဲ့အတူနေရမှာပေါ့ မိန်းမလည်း ယူလို့မရတော့ဘူးပေါ့"
်"ဟုတ်တယ်သားငယ်လေး"
"ဒါဆို ညီအစ်ကိုလို တအိမ်တည်းနေမယ်လေ အဲလိုဆိုအစ်ကိုနဲ့လည်း နေ့တိုင်းတွေ့ရမယ် အဆင်ပြေပြီလေ"
"ဟုတ်သားပဲ အဲလိုဆို အဆင်ပြေသားပဲ "
ဦးဖြိုးတေဇ ထောက်ခံသလိုပြောလိုက်မိတယ် သူလည်း သူ့သားလေးကို ယောက်ကျားတယောက်နဲ့ ဘယ်လိုမှ သဘောမတူနိုင်ဘူး
"တကယ်တော့ ကျွန်တော်တို့လည်းအဲလိုစဉ်းစားမိပါတယ် ဒါပင်မယ့် ကျွန်တော်တို့မျိုးနွယ်ဆက်ခံသူရဲ့ သွေးရောသူကို ကျွန်တော်ဘိုးဘေးတွေဆီမှာ ပြတဲ့အခမ်းအနားလုပ်ပေးရတယ် အဲအခမ်းအနားကို ကျွန်တော်တို့ ဟော်နန်းရဲ့ ကန်တော့ခန်းမှာလုပ်ရတာ အဲအခန်းကို ကျွန်တော်တို့ မျိုးနွယ်စုနဲ့သက်ဆိုင်သူတွေပဲဝင်ရတယ်"
ESTÁS LEYENDO
mysterious fate
Ficción GeneralZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး