"သားငယ်လေးရော သားကြီးရော"
"သခင်လေးရော သခင်ငယ်လေးရော operation roomထဲမှာပါ အန်တီ"
"ဘယ်လိုဖြစ်ရတာလဲကွယ်"
မင်းမင်းအဖြစ်ပျက်တွေကို သခင်ငယ်လေးမိဘတွေကို သေချာရှင်းပြလိုက်တော့
"ဖြစ်ရလေ မေ ဖုန်းမဆက်လိုက်သင့်ဘူး မေ ကြောင့် ပါ ကလေးတို့ရယ်"
"အန်တီကြောင့် မဟုတ်ပါဘူး သူတို့ဖက်က သခင်ငယ်လေးကို လုပ်ကြံဖို့ကြိုစီစဉ်ထားတာပါ"
"ဘယ်သူက ငါ့သားနဲ့ သမက်ကိုလုပ်ကြံရဲတာလဲ"
"သခင်ကြီး သခင်မကြီး"
မင်းမင်းတို့ဖုန်းဆက်လိုက်တာနဲ့ ချက်ခြင်းထွက်လာပုံရတဲ့ သခင်ကြီး နဲ့ သခင်မကြီးမျက်နှာက ပင်ပန်းမှု စိုးရိမ်စိတ်တွေရောယှက်မှုအပြည့်နဲ့
"ဘယ်သူလုပ်တာလဲ"
"တတိယအိမ်တော်ကဖြစ်ဖို့များပါတယ် သခင်ကြီး ကားနဲ့တိုက်တဲ့လူကိုတော့ ကျွန်တော်တို့ ဖမ်းမိထားပါတယ်"
"တတိယအိမ်တော်ကို မျက်ခြေမပြတ်စောင့်ကြည့်ထား"
"ဟုတ်ကဲ့ သခင်ကြီး"
"သား သားအခြေအနေကရော"
"အခြေအနေကတော့ ဘာမှအတိအကျပြောလို့မရသေးပါဘူး သခင်မကြီး"
"မြတ်"
"သခင်မကြီး"
လဲကျမလိုဖြစ်သွားတဲ့ ဇနီးသည်ကို ဦးစဝ်သိခါင်္ ဘေးကနေထိန်းလိုက်ရတယ် ဘေးမှာလည်း သားငယ်လေးရဲ့ မိဘတွေကို မျက်နှာမကောင်းပဲတွေ့လိုက်ရတယ်
"သားငယ်လေးကရော ဘာတွေထိခိုက်သွားလို့လဲ"
"သခင်ငယ်လေး ကသခင်လေးကိုမြင်ပြီး shock ဖြစ်သွားတာပါ ပြီးတော့ ဗိုက်ကနာလာလို့ စောမွေးရတာပါ သခင်မကြီး"
"မြတ်တို့ကလေးတွေ ဘာမှဖြစ်မှာမဟုတ်ပါဘူး အမမေမီရယ်"

KAMU SEDANG MEMBACA
mysterious fate
Fiksi UmumZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး