ရိုးရာကန့်တော်ခန်း
ညနေပိုင်းလောက်ကို အစ်ကိုက ဆုလာဒ်ကို သူတို့ဟော်နန်းရဲ့ ရိုးရာကန့်တော့ခန်းကို ခေါ်လာလိုက်တယ် အစ်ကိုတို့က ဟော်နန်းမှာရှိတဲ့ ရှေးဟောင်းလက်ရာတွေ ပျောက်ပျက်သွားမှာစိုးလို့ ဟော်နန်းမှအစောင့်တွေလောက်သာထားပြီး ဟော်နန်းနဲ့တမိုင်လောက်ဝေးတဲ့နေရာမှာ ခုအိမ်တော်ကို တည်ဆောက်ထားတယ် ဆိုတာ သိလိုက်ရတယ် ဟော်နန်းကို ပွဲတော်ရှိတဲ့နေလောက်သာ ဟော်နန်းနဲ့ဆက်နွယ်သူသာဝင်ခွင့်ပေးပြီး ကျန်တဲ့အချိန်က ဟော်နန်းကို ဒီအတိုင်းလေးပိတ်ထားတတ်တယ်လို့ အစ်ကိုကဆုလာဒ်ရဲ့လက်ကို ကိုင်ပြီးရှင်းပြနေတာကြောင့် ဆုလာဒ်ငြိမ်ငြိမ်လေးနားထောင်နေမိတယ် ကျောင်းတက်ကတည်း ကအစ်ကိုက ဆုလာဒ် ရဲ့ လက်ဖောင်းဖောင်းလေးကို ချစ်လို့ဆိုပြီး အမြဲဆုပ်ကိုင်တတ်တာကြောင့် အစ်ကိုခုလို လက်ကိုဆွဲထားတာ ဆုလာဒ်အတွက်တော့ ထူးဆန်းတယ်လို့မခံစားမိပါဘူး ဒါပင်မယ့် ဟော်နန်းကအစောင့်တွေက ဆုလာဒ်တို့ကို အထူးအဆန်းကြည်နေကြတာကြောင့် ဆုလာဒ်မျက်နှာတွေတောင် နီရဲလာတော့တယ်
"မျက်နှာလေးရဲနေပါလား ညီ ဘာလို့လဲ အရမ်းအေးနေလား"
"မဟုတ်ပါဘူး အစ်ကိုရဲ့ ကျွန်တော်ကအေးတာကိုသဘောကျပါတယ်"
"ဒါဆို အစ်ကိုတို့ ဟော်နန်းထဲဝင်တော့မလား"
ဟော်နန်းရှိတဲ့မြေနေရာ က100ဧကကျော်ကျော်လောက်ရှိပြီး အဆောက်အဦး 20ကျော်လောက် တည်ဆောက်ထားတာတွေ့ရပြီး ရှေးဟောင်းအငွေ့အသက်တွေ ကိုပါ ဆုလာဒ်ခံစားမိလိုက်တယ်
ဆုလာဒ်ကျောထဲစိမ့်ခနဲဖြစ်သွားပြီး အစ်ကို့လက်ကိုဆုပ်ကိုင်လိုက်မိတယ်
အစ်ကိုကဆုလာဒ်ရဲ့လက်ကို ထပ်ကိုင်လိုက်ပြီး
"အစ်ကိုရှိတယ် ဘာမှမဖြစ်ဘူး"
YOU ARE READING
mysterious fate
General FictionZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး