အခန်း(23)

32.6K 2.6K 39
                                    

"​ပေါ့ မယ်​မယ်​"

"သားဘာလုပ်​လိုက်​တာလဲ ကံတရားကို လွန်​ဆန်​ပြီး​တော့ ​ပေါ့ထင်​​နေသလို"

စဝ်​ ​ပေါ့နဲ့ မယ်​မယ့်​ကိုကြည့်​လိုက်​ပြီး

"ဟုတ်​တယ်​ ​ပေါ့ထင်​​နေသလိုပဲ သား ညီ့ကိုချစ်​လို့ ညီ့ကိုအပိုင်​လိုချင်​လို့ ပါ"

စဝ်​ ရဲ့အ​တွေး​တွေက လွန်​ခဲ့တဲ့လ​တွေစီကို ပြန်​​ရောက်​သွား​တော့တယ်

မှတ်​မှတ်​ရရ အဲ့​နေ့က ​ကျောင်းသား​ရေးရာ က ​ခေါ်လို့ စဝ်​ လဝန်းနဲ့ အတူ ​ကျောင်းသား​ရေးရာဖက်​ကိုထွက်​လာလိုက်​တယ်

ကျောင်းအပ်​ဖို့ ကြိတ်​ကြိတ်​တိုး​နေတဲ့ ​ကျောင်းသား​တွေကိုကြည့်​ပြီး စဝ်​စိတ်​ညစ်​မိသွားတယ်

"ကိုမင်း လဝန်း toilet ခနသွားလိုက်​အုံးမယ်​"

လဝန်းထွက်​သွားပြီး ခန​နေ​တော့ လူအုပ်​​ကြီးကဘယ်​လိုမှ တိုးလို့ မရမှန်း သ​ဘော​ပေါက်​လိုက်​တာ​ကြောင့်​ ပါချုပ်​အခန်းနားက​နေပဲဝင်​မယ်​ဆိုပြီး main buildingဖက်​ပြန်​လှည့်​လိုက်​တဲ့အချိန်​မှာ ​ခြေ​ထောက်​ကို အနင်းခံလိုက်​ရတာ​ကြောင့်​ ကြည့်​လိုက်​မိ​တော့ သူ့​ရှေ့မှာရပ်​​နေပြီး သူ့​ခြေ​ထောက်​ကိုကြည့်​​နေတဲ့ အသားညိုညိုနဲ့​ကောင်​​လေးကို​တွေ့လိုက်​ရတယ်

"ကိုမင်း ဘာဖြစ်​လို့လဲ"

လဝန်းရဲ့အသံ​ကြောင့်​​ရှေ့က ​ကောင်​​လေးဆီက ​တောင်​ပန်​လိုက်​တဲ့ အသံကြည်​ကြည်​​လေးကိုကြားလိုက်​ရတယ်​ အသံ​လေးက က​လေးသံ​လေး​တောင်​မ​ပျောက်​​သေးဘူး

"​တောင်းပန်​ပါတယ်​ အစ်​ကို ကျွန်​​တော်​ ဘာလုပ်​​ပေးရမလဲ"

သူ့ရဲ့ရင်​ဘတ်​​လောက်​ပဲရှိတဲ့​ကောင်​​လေးက သူ့ေ့ခြ​ထောက်​ကို ဘာ​တွေစိတ်​ဝင်​စား​နေလဲမသိဘူး အသဲအသန်​ငုံ့ကြည့်​ပြီး ​တောင်းပန်​​နေတယ်​ စဝ်​ ရပါတယ်​လို့ ​ပြောလိုက်​​တော့မှ ​မော့ကြည့်​လာတဲ့ မျက်​လုံးဝိုင်းဝိုင်း​လေးက သူ့ရဲ့နှလုံးခုန်​သံ​တွေကို ​ဗြောင်းဆန်​သွား​စေတယ်​​လေ

mysterious fateHikayelerin yaşadığı yer. Şimdi keşfedin