"ထူးထူးထွေထွေ မဟုတ်ပါဘူး ညီကချစ်ဖို့ကောင်းတယ် ပြောတာပါ"
"ဒေါ်နန်း ကျွန်တော့ luggage နဲ့ ညီ့ luggageကို ကျွန်တော့်အခန်းထဲမှာထားဖို့ အလုပ်သမားတွေ ပြောပေးပါအုံး"
"ဟုတ်ကဲ့ သခင်လေး"
"ညီ အစ်ကိုတို့လည်း အိမ်ထဲဝင်ရအောင်"
ဆုလာဒ်တို့ အိမ်ထဲရောက်တော့ မေတို့ကဧည့်ခန်းထဲမှာထိုင်နေပြီး ရှမ်းဝတ်စုံဝတ်ထားတဲ့ ဦးလေးကြီးနဲ့ အဒေါ်ကြီးတွေနဲ့စကားပြောနေတာတွေ့လိုက်ရတယ်
"သားတို့လာ ဒီမှာ လူကြီးတွေရောက်နေပြီ"
"ဦးရီးတော်တို့ အရီးတော်တို့မင်္ဂလာပါ အစောကြီးရောက်နေတာလား"
"ဟုတ်တယ် သားတို့မယ်မယ် ကထွက်လာပြီပြောကတည်းက ဦးရီးတော်တို့က လာစောင့်နေတာ ဒါသားရဲ့လက်တွဲဖော်လေးလား"
"ဟုတ်တယ် ဦးရီးတော် ညီ ဒါက အစ်ကိုတို့ ရဲ့ ဒုတိယအိမ်တော်နဲ့ တတိယအိမ်တော် ကဦးရဲ့တော်တွေနဲ့ အရီးတော်တွေ"
"မင်္ဂလာပါ ကျွန်တော် ကဖြိုးဆုလာဒ်ပါ"
အစ်ကိုနှုတ်ဆက်သလိုမျိုး လက်အုပ်ချီပြီးနှုတ်ဆက်လိုက်တော့ အစ်ကိုက ပြုံးလိုက်ပြီး
"လာထိုင်ရအောင် ညီ"
"ဦးဖြိုတေဇတို့ဖက်က မင်္ဂလာဆောင်ကို ဘယ်လိုဖြစ်စေချင်လဲ မြန်မာနိုင်ငံမှာ လိင်တူလက်ထပ်တာတော့ တရားဝင်ခွင့်ပြုထားတာမရှိပင်မယ့် ကျွန်တော်တို့ကဖြစ်စေချင်တာကို ဖြစ်အောင်လုပ်ပေးမှာပါ"
"ကျွန်တော်တို့ဖက်က ဘာမှသေချာမစဉ်းထားမိဘူး သားငယ်လေးကိုလည်းတခါမှ ယောက်ကျားတယောက်နဲ့ လက်ထပ်ပေးရမယ်လို့မစဉ်းထားတော့ ဘယ်လိုစီစဉ်ရမှန်းမသိတော့ပါဘူး"
"ကျွန်တော်တခုလောက်တော့ဝင်ပြောပါရစေ"
"အင်း သားခ ပြောလေ"

ESTÁS LEYENDO
mysterious fate
Ficción GeneralZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး