"အားလုံးပဲ မင်္ဂလာပါ အစ်ကိုက မာစတာတန်းက ကိုစဝ်မင်းမာန်ခပါ"
ဆုလာဒ်တို့ စာသင်ချိန်ပြီးတော့ အတန်းထဲကို မာစတာတန်း က စီနီယာအစ်ကိုတွေ အမတွေ စုစုပေါင်း ငါးယောက်လောက်ဝင်လာတာကို တွေ့လိုက်ရတယ် ရတီတယောက်ကတော့ သူ့crush ကြီးပါတယ်ဆိုပြီး လက်သည်းကိုက်နေတာ သူ့လက်သည်းတောင် ရှိပါတော့မလား မသိဘူး
"ခု အစ်ကိုတို့ လာတာက အစ်ကိုတို့မေဂျာရဲ့ activity တခုဖြစ်တဲ့ ပရိဟိတအသင်းမှာ ဒီက ညီလေးတို့ ညီမလေးတို့ ပါဝင်ချင်မလားလို့ လာမေးတာပါ အစ်ကိုတို့နဲ့ ညီတို့ ညီမတို့ကြားမှာ ပိုပြီး စည်းလုံးရအောင်လို့ ခုလိုလာရောက် စည်းရုံးရတာပါ "
အစ်ကိုစဝ်မင်းမာန်ခဝင်လာကတည်းက အတန်းထဲက ကောင်လေးတွေရော ကောင်မလေးတွေရော တိုးတိုး တိုးတိုး ပြောနေတာတွေ့လိုက်ရတယ် အဲအစ်ကိုက တကယ်နာမည်ကြီးတာပဲ
"ပရဟိတအသင်းမှာပါရင် ကျွန်တော်တို့က ဘာလုပ်ရမှာလဲ"
ကျောင်းသားတယောက်ကထမေးတာကို အစ်ကိုစဝ်မင်းမာန်ခက ခေါင်းတချက်ညိမ့်လိုက်ပြီး
"အစ်ကိုတို့မှာ 3လတကြိမ် activityလေးတွေရှိတယ် ဥပမာ မိဘမဲ့ကျောင်းတွေမှာသွားလှူတာတို့ ဘိုးဘွားရိပ်သာတွေမှာ အလှူလုပ်တာမျိုးပေါ့ အဲလိုလုပ်နိုင်ဖို့်အစ်ကိုတို့က ကျောင်းသားတယောက်စီက လစဉ် တစ်ထောင်စီအလှူခံတယ် "
"ခရီးတွေရောထွက်ရမှာလား"
"ထွက်ရမှာပေါ့ အစ်မတို့ ပရဟိတအသင်း ရဲ့အဖွဲ့ဝင် တွေက 6လတကြိမ်လောက် အသင်း သားတွေပိုစည်းရုံးအောင် ခရီးထွက်ဖြစ်တယ် နောက်တလနေရင် အမတို့ပုဂံဖက်ကို tripသွားဖို့ရှိပါတယ်"
အမလင်းလဝန်းရဲ့အပြောကြောင့်
အတန်းထဲက လူတွေက ပရဟိတအသင်းကိုဝင်ဖို့ အသဲအသန်စာရင်းပေးကြတော့တယ် ဆုလာဒ်သုံးယောက်လည်း စာရင်းပေးတာပေါ့ ကျောင်းကထွက်တဲ့ tripဆို အိမ်က လည်းမလွှတ်လို့ဘယ်ရမလဲ

VOCÊ ESTÁ LENDO
mysterious fate
Ficção GeralZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး