စဝ် တချက်ပြုံးလိုက်ပြီး
"လက်ခံမှာပါ"
စဝ် ဖြေလိုက်တဲ့အဖြေက စဝ်ရဲ့ ကံတရားကို သတ်မှတ်ပေးလိုက်သလိုများဖြစ်သွားလားမသိဘူး
စဝ်တို့ ပုဂံကို မနက် (5)နာရီလောက် ရောက်သွားပြီး hotel မှာ check in ဝင်ပြီး ရေချိုးပြီးတာနဲ့ စဝ်တို့ရဲ့ ဘုရားဖူးခရီး စဉ်စတင်ပါတော့တယ်
ပုဂံမှာ လည်ပါတ်တာ 3ရက်မြောက်နေ့ လည်ပတ်ပြီး ညဆိုရန်ကုန်ပြန်ရတော့မယ်
မနက်စာ စားပြီးဆိုင်ထဲက ထွက်လာတဲ့အချိန်ကတည်းက ဗိုက်ထဲက အောင့်လာသလို စဝ် စတင်ခံစားလာရတယ်
"ကိုမင်း ကိုမင်း ဘာဖြစ်လို့လဲ "
ဗိုက်ကအရမ်းအောင့်လာပြီး ချွေးတွေပြန်လာပြီး ခေါင်းတွေပါမူးလာတယ်
"လဝန်း ဗိုက်အောင့်တယ် အစာအိမ် ကဖြစ်မယ်ထင်တယ် "
"ညက ကိုမင်း အရက်သောက်လိုက်သေးတယ်ထင်တယ် "
"ဟုတ်တယ် အစ်ကို့ကို ညကကျွန်တော်တို့တိုက်လိုက်မိတာ "
ဆုလာဒ် တို့အဖွဲ့တွေ ညက ရန်ကုန်ပြန်ရမှာမို့ နှုတ်ဆက်ပွဲလုပ်တဲ့အချိန်မှာ စီနီယာအစ်ကိုတွေရဲ့ အအေးခွက်ထဲကို အရက်တွေလိုက်ရောလိုက်မိတယ် အစ်ကိုတွေအရက်မူးပြီး ပေါက်ကရလျှောက်လုပ်တာတွေကို တွေ့ချင်လို့် ဆိုပြီး လုပ်လိုက်မိတာ ခုလို့ဖြစ်မယ် မထင်လိုက်မိဘူး
"ကိုမင်းက သောက်လို့မရဘူး"
ချွေးတွေအရမ်းထွက်ပြီး အရမ်းခံစားနေရတဲ့ အစ်ကိုကို ကြည့်ပြီး ဆုလာဒ် အရမ်းခံစားလိုက်ရတယ် နောင်တလည်းရမိတယ်
"ဆေးရုံ ဆေးရုံသွားရအောင်"
"ဆုလာဒ် ကိုမျိုး ကိုမင်းကို ဆေးရုံပို့ပေးလိုက် လဝန်း hotelခနပြန်လိုက်အုံးမယ် ယူစရာကျန်နေလို့ တခုပဲ ဆရာဝန်က သွေးတွေ ဘာတွေသွင်းရမယ် လို့ပြောရင် လဝန်းပြန်လာတဲ့ထိခနစောင့်ပေးပါ လဝန်းအမြန်ပြန်လာမယ် သတိထားနော် သွေးသွင်းတာကို မလုပ်ပါနဲ့"
VOUS LISEZ
mysterious fate
Fiction généraleZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး