အခန်း(28)

30.6K 2.4K 51
                                    

တီ တီ

ဖုန်းသံ မြည်​သံ​ကြောင့်​ ကြည့်​လိုက်​​တော့ ဆုလာဒ်​ရဲ့ viber noကို ဝင်​လာတဲ့ ဖုန်းကိုကြည့်​လိုက်​​တော့ ရတီမဆီက ဆုလာဒ်​ထိုင်းကို​ရောက်​​နေတာများ သိသွားတာလား သိချင်​လည်းသိသွား​လောက်​တယ်​ ဆုလာဒ်​သူတို့ကို မဆက်​သွယ်​ဖြစ်​တာ 5ရက်​​လောက်​ရှိ​နေပြီ​လေ ​မေတို့ဆီက​နေလည်း သိသွား​လောက်​မှာ​ပေါ့

ဆုလာဒ်​ဖုန်းကို ယူပြီး ​လေသာ​ဆောင်​ဖက်​ကိုထွက်​လာလိုက်​တယ်​ hotel ရဲ့ vvipခန်းဖြစ်​တာနဲ့အညီ ​ပေးထားတဲ့ facilities ကအမိုက်​စား​တွေချည်းပဲ

"Hello"

"Hello prize နင်​ ​ယောက်​ကျားရသွားပြီဆို ပြီး​တော့ အဲဒါငါ့ကိုကိုနဲ့ဆို နင့်​မင်္ဂလာ​ဆောင်​ကို​တောင်​ငါတို့ကိုမ​ခေါ်ဘူး,......."

ပွစိပွစိနဲ့ တရစက်​​အော်​​ပြော​နေတဲ့ ရတီမရဲ့ အသံကိုနားမ​ထောင်​နိုင်​တာ​ကြောင့်​ ဖုန်းကို နားကခွာလိုက်​ရတယ်​ အရမ်း​အော်​တဲ့ က​လေးမ

"Hello prize နင်​နား​ထောင်​​နေလား"

"အင်း"

"နား​ထောင်​​နေရင်​လည်း နည်းနည်း​တော့ပြန်​​ပြောအုံး​လေ ခန​လေး ခန​လေး video call ​ခေါ်လိုက်​မယ်​"

ရတီကဖုန်းချလိုက်​ပြီး video call ​ခေါ်လိုက်​တာနဲ့ ဆုလာဒ်​ accept ခလုတ်​ကိုနှိပ်​လိုက်​တာနဲ့ ရတီမျက်​နှာကို​တွေ့လိုက်​ရတယ်

"Prize တကယ်​ပဲ ဘန်​​ကောက်​​ရောက်​​နေတာလား"

"အင်း"

"ဒါဆို နင်​ ငါ့ကိုကိုနဲ့ လက်​ထပ်​လိုက်​တယ်​ဆိုတာကို"

"အင်း"

"တကယ်​ကြီး တကယ်​ကြီး​ပေါ့ ငါ အန်​တီ​ပြောတုန်းကမယုံဘူး"

"ဟဲ့ prize ငါကပဲ​ပြော​နေရတာ နင်​လည်းတခုခု​ပြောအုံး​လေ"

"ငါ ငါဘာ​ပြောရမှန်းမသိလို့"

"နင်​ ငါ့ကိုရှက်​​နေတာလား prize"

"ငါ နင်​ကို့အားနာလို့ နင်​က အစ်​ကို့ကိုသ​ဘောကျ​နေတာ​လေ ပြီး​တော့ ငါက​ယောက်​ကျား​လေးတ​ယောက်​နဲ့လက်​ထပ်​လိုက်​​တော့ နင်​တို့အတွက်​ ငါက"

mysterious fateHikayelerin yaşadığı yer. Şimdi keşfedin