လက်ရှိကာလ
"အဲဒါနဲ့ပဲ လက်ထပ်ရမယ်ပေါ့ အဲလို့လား တကယ်ကြီးလား"
"သားငယ်လေး အဲဒါပဲပြောနေတာ အခါတစ်ရာလောက်ရှိနေပြီလေ"
စဝ် ညိုလုံးလေးကိုကြည့်ပြီး စိတ်ညစ်တဲ့ကြားက ရီချင်နေတော့တယ် လက်ထပ်ရမှာပေါ့ လက်မထပ်လို့မရဘူးလား မေးတာတင် အခါတစ်ရာလောက်ရှိနေပြီ
"အဲနေ့က မမလဝန်းစကား နားထောင်လိုက်ရင်ကောင်းသား အဲဒါဟိုသူနာပြုဆရာမကြောင့် အတင်းဆွဲခေါ်သွားပြီး အတင်းလှုခိုင်းလို့"
"ဖြိုးဆုလာဒ်ရေ ငြိမ်ငြိမ်ထိုင်နေစမ်း ငါမျက်စိတွေနောက်နေပြီ"
"ဖေ ကလည်း သားဘယ်လိုငြိမ်ငြိမ်နေလို့ရမှာလဲ ဖေ့ သားလေးက ခုမှ17နှစ်ပဲရှိသေးတာ လက်ထပ်ရမှာလေ ပြီးတော့ ယောက်ကျားလေးနဲ့လေ "
"ပြီးတော့ ဖေ ကြည့်ကြည်လေ အစ်ကိုနဲ့ သားနဲ့ ရဲ့ခန္ဓာကိုယ်ကို ဘယ်လိုပဲဖြစ်ဖြစ် သားကအောက်ထပ် ကဖြစ်မှာကို"
"ဘာ အောက်ထပ်လဲ ဘာလဲ မင်းက အပေါ်ထပ်မှာနေချင်လို့လား အဲဒါဆိုလည်း ဟိုကလေးနဲ့ လက်ထပ်ပြီးမှ ညှိပေါ့ "
"ဖေ မသိပါဘူး ဖေရာ အဲဒါက ညှိလို့မရလောက်ဘူး"
"ညီ ကအပေါ်ထပ်နေချင်လို့လား ကိုယ့်အိမ်ကျရင် ညီကြိုက်တဲ့ အထပ်နေလေ "
"ဟာ တော်ပြီ မပြောတော့ဘူး"
"မပြောရင်လည်း ထိုင်တော့ သားငယ်လေး ခု လက်မထပ်လို့လည်းမဖြစ်တော့တဲ့ အခြေအနေဆိုတော့ ညီမတို့ဖက်က ဘယ်လိုအစီအစဉ်ရှိလဲ"
"ဒါနဲ့လေ အစ်ကို မမလဝန်းက အစ်ကို့မှာ အဲကျိန်စာရှိတာဘယ်လိုသိလဲ"
"သားငယ်လေး မေတို့စကားပြောနေတယ်လေ"
"ဟီး သားသိချင်သွားလို့ပါ မေရဲ့"
"လဝန်းက ဒုတိယအိမ်တော်ရဲ့ သမီးလေ သားအစ်ကိုနဲ့ဆို ညီမတဝမ်းကွဲတော်တယ်လေ "
YOU ARE READING
mysterious fate
General FictionZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး